ကချင်စစ်ပွဲ (၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲဦးဆောင်သူ လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်

ကချင်စစ်ပွဲ (၈) နှစ် ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုအ ဖြစ်မြစ်ကြီးနားမြို့ပေါ်တွင် ပြ ဇာတ်တင်ဆက်ခြင်းနှင့်ပတ်သက် ၍ တရားစွဲခံရသည့် ဦးဆောင်သူ လူငယ်နှစ်ဦးကို မြို့နယ်တရားရုံး ကထောင်ဒဏ် ၁၅ ရက်စီချမှတ် ခဲ့သည်။


တပ်မတော်နှင့် ကချင်လက်  နက်ကိုင်အဖွဲ့ (KIA) တစ်ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု (၈) နှစ်ပြည့် သည့် ဇွန်လ ၉ ရက်တွင်  စစ် ရှောင်များကိုယ်တိုင်ပါဝင်သည့် ပြဇာတ်တင်ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဆိုကာ ကချင် လူငယ်တာဝန်ခံနှစ်ဦးဖြစ်သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရာစက်တင် ဘာ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ သည်။ 

တရားရုံးက အမိန့်ချမှတ်ရာ တွင်ငွေဒဏ်ကျပ်သုံးသောင်း (သို့ မဟုတ်) ထောင်ဒဏ် ၁၅ ရက် တစ်ခုခုကို ၎င်းတို့အနေဖြင့် ရွေး ချယ်ခွင့်ရှိသော်လည်း အပြစ်မရှိ ဟုယူဆ၍ ငွေဒဏ်ကိုလက်မခံခဲ့ ဟု ကိုပေါလုက ပြောသည်။ 

‘‘ကျွန်တော်တို့ ငွေဒဏ်သုံး သောင်းပေးမယ်ဆိုရင် အမှုစွဲက တည်းက ပေးလိုက်ရင်ပြီးသွားပြီ။   တစ်လကျော်နှစ်လအပြစ်မရှိတဲ့ အကြောင်းထုချေပြီးမှ အချိန်ယူ ပြီးမှ လုပ်ခဲ့တယ်။ ကျွန်တော်တို့ လုပ်ဆောင်ချက်က လုံးဝအပြစ် မရှိပါဘူး’’ ဟု ကိုပေါလုကပြော သည်။ 

စစ်ရှောင်များ၏ အခြေအ နေနှင့် ပတ်သက်ပြီးခံစားချက် ကိုတင်ပြခြင်းသည် ပြစ်မှုမ မြောက်ကြောင်း၊ ယင်းသို့အပြစ် မရှိဘဲအမိန့်ချမှတ်ခြင်းသည် တ ရားမျှတမှုမရှိကြောင်း၊ တရား မျှတမှုရရှိရေး ဆက်လက်တိုက် ပွဲမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ တရားစီရင်ရေးအပေါ် အယုံ အကြည်မရှိကြောင်း ပြစ်ဒဏ်ချ မှတ်ခံရသည့် လူငယ်နှစ်ဦးက ပြောသည်။

မဆိုင်းနူးပန်ကလည်း ‘‘ဒီ ကိစ္စက အထိမ်းအမှတ်ပွဲပဲလုပ် တာဖြစ်ပါတယ်။ နိုင်ငံတော်အစိုး ရကို တော်လှန်ပုန်ကန်ဆန္ဒပြ ထုတ်ဖော်နေတာမဟုတ်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းငြိမ်းအေးစွာနဲ့ ကျွန်မတို့ခံစားချက်တွေကို ဖော် ထုတ်တာဖြစ်ပါတယ်’’ ဟု ပြော သည်။ 

ကချင်စစ်ပွဲ (၈)နှစ်ပြည့် အ ထိမ်းအမှတ်လှုပ်ရှားအဖြစ် မြစ် ကြီးနားတွင် ပြဇာတ်တင်ဆက်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများ လမ်း ကြောင်းပေးသည့်အတိုင်း ပွဲမိန့် လျှောက်ထားခဲ့သဖြင့် ငြိမ်းစုစီ ပုဒ်မ ၁၉ နှင့် မငြိစွန်းကြောင်း တရားစွဲခံရသည့် ကချင်လူငယ် နှစ်ဦးက တရားရုံး၌ထွက်ဆို သည်။ 

ကိုပေါလုနှင့် မဆိုင်းနူးပန် တို့သည် ဇွန်လ ၈ ရက်က မနော ကွင်း၌ ကျင်းပသည့်ကချင်စစ်ပွဲ (၈) နှစ်ပြည့်အထိမ်းအမှတ် အ ခမ်းအနားအတွက် ပွဲမိန့်လျှောက် ထားခဲ့သော်လည်း ဇွန်လ ၉ ရက် တွင်မြစ်ကြီးနားမြို့ပေါ်၌ ပြုလုပ် သည့် လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ခွင့်ပြုမိန့် လျှောက်ထားခြင်းမရှိ ဟုတရားလိုဖြစ်သူဒုရဲမှူးမင်းသန့် ဇော်ကပြောကြားထားသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ပွဲဟု လူထုကထင်မြင်လာကြောင်း နိုင်ငံရေးပါတီတာဝန်ရှိသူများပြော

Fri Sep 6 , 2019
ငြိမ်းချမ်းရေးဆွေးနွေး မှုများဆောင်ရွက်နေစဉ် တိုက်ပွဲ များဖြစ်ပွားပြီး လူထု ထိခိုက်နစ် နာမှု ပိုမိုကြုံတွေ့နေရ၍ ဆွေး နွေးပွဲများအပေါ် သံသယရှိနေ ကြောင်းနှင့် ဆွေးနွေးပွဲများသည် စစ်မှန်မှုမရှိဘဲ လုပ်ပွဲဟု ပြည်သူ လူထုက ယူဆလာနေကြောင်း ရှမ်းနှင့် တအာင်းပါတီတို့မှတာဝန် ရှိသူများက ပြောသည်။ တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက် ပွဲများကြောင့် ပြည်သူလူထုများ  ယခုထက် ပိုမိုနစ်နာမှုမဖြစ်လာ စေရေး ငဲ့ညှာပေးရန်နှင့် စစ်မှန် သည့် အပစ်အခတ်ရပ်စဲရေးဖြစ် ပေါ်လာရေး ဆောင်ရွက်ပေးရန် တအာင်း(ပလောင်) အမျိုးသား ပါတီဗဟိုကော်မတီဝင်တာလှဖေ ကမေတ္တာရပ်ခံတောင်းဆိုသည်။ စစ်ရေးပဋိပက္ခကြောင့်ပြည် သူများ သေဆုံးဒဏ်ရာရရှိခြင်း အပါအ၀င် ထိခိုက်နစ်နာမှု မကြာခဏဖြစ်ပေါ်နေကြောင်း၊ ထိပ်ပိုင်းကငြိမ်းချမ်းရေး ဆွေးနွေး နေစဉ် […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links