‘ချစ်ခင်စ မှော်ရုံမှာလေ’ ၀တ္ထုကို ၂၀၂၀ မှာ ရိုက်ကူးမယ့် ဒါရိုက်တာဏကြီး

ဆရာမောင်ဝဏ္ဏ၏ ‘ချစ်ခင်စမှော်ရုံမှာလေ’ ၀တ္ထုကို ၂၀၂၀ မတ်လတွင် စတင်ရိုက်ကူး မည်ဟု ဒါရိုက်တာဏကြီးက ပြောသည်။

‘‘တော်ဝင်မင်းသား ထုတ်လုပ်ရေးနဲ့ပါ။ အဲဒါကို ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းခွဲနေတယ်။ မင်းသား၊ မင်းသမီးတွေက သုသု ရယ်၊ ဒေါင်းရယ်၊ မမိုးဟေကိုရယ်၊ ကိုကျော်ထက်အောင်ရယ်ပေါ့’’ ဟု ၎င်းကပြောသည်။

၂၀၁၉ သည် ဇာတ်ညွှန်းရေး ခြင်းနှင့် ပရောဂျက်စီစဉ်သည့် နှစ်ဖြစ်ပြီး ဒုတိယပရောဂျက်သည် ၎င်းကိုယ်တိုင်ရေးထားသည့် ဇာတ်လမ်းကို ရိုက်ကူးမည်ဖြစ်ပြီး သေချာလျှင် အားလုံးကို အသိပေးမည်ဟု ဒါရိုက်တာဏကြီးက ပြောသည်။

‘‘ဒုတိယပရောဂျက်က ‘နွေ တစ်ည’မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းပေါ့။ ကျွန်တော်မပြောချင်သေး ဘူး။ သေချာရင် ဇာတ်လမ်းနာမည်ရော၊ မင်းသား၊ မင်းသမီးရော ပြောမှာပါ။ ဒုတိယကားကလည်း သုသုပါပဲ။ Retro ဘက်မသွား ဘူး။ ဒီဘက်ခေတ်ကိုပဲ ရိုက်မှာ ပါ။ Main Actor တွေအားလုံး သေချာသွားပြီ။ ဒီဇင်ဘာ ၁၅ ရက်ကနေ ဇန်န၀ါရီ ၁၅ ရက်ထိ ရိုက်ဖို့ ပြင်နေပြီ’’ဟု ၎င်းကပြော သည်။

ယင်းဇာတ်ကားများအပြင် ဆရာနိုင်ဝင်းဆွေ၏ ‘နွေတစ်ည’နှင့် ‘မဟူရာမေတ္တာ’၀တ္ထုများကိုလည်း ရိုက်ကူးရန် ကြိုးစားပြင်ဆင်နေ သည်ဟု ဆိုသည်။

‘‘နွေတစ်ညဆိုလည်း နောက် နှစ်ထဲမှာ စကားပြောထားတာ ရှိ တယ်။ မင်းသားရော၊ ထုတ်လုပ် ရေးရော မသေချာသေးလို့ မပြော သေးတာပါ။ မဟူရာမေတ္တာဆို ရင်လည်း စကားပြောထားတယ်။ မဟူရာမေတ္တာကလည်း Pre History Period ဆိုတော့ Reference တွေ ရှာရတာခက် တယ်။ နောက် Wardrobe တွေ၊ အသုံးအဆောင်တွေ အားလုံးကို တော်တော်လေး လုပ်ယူရမယ်။  ဓာတ်ပုံနဲ့ ဒီလိုပုံစံဖြစ်အောင်ပြလို့ မရဘူးဆိုတော့ ပုဂံခေတ်တောင် မှ မလွယ်ဘူး။ ပုဂံခေတ်ရဲ့ ရှေ့ က ခေတ်ပေါ့။ ပျူခေတ်၊ ပင်းတ ယ၊ ဗိဿနိုးဆိုတော့ ပြင်ဆင်မှု ကို တစ်နှစ်လောက်အချိန်ယူထား တယ်။ ၂၀၂၁ လောက်မှ ရိုက်ဖြစ် မယ်’’ဟု ဒါရိုက်တာဏကြီးက ပြောသည်။

ဇာတ်ကားရိုက်ကူးရေး ပြင်ဆင်အချိန်ယူနေသောကြောင့် ရင်သွေးယူရန်  လိုသေးကြောင်း ၎င်းကပြောသည်။

‘‘ရင်သွေးယူဖို့ကတော့ လို ဦးမယ်ထင်တယ်။ သူရော၊ ကျွန် တော်ရောက အလုပ်လောဘ နည်းနည်းကြီးတယ်။ နောက် ၂ နှစ် လောက်တော့ အလုပ်လုပ်ဖြစ်နေဦးမယ်။ ကျွန်တော်တို့နှစ်ယောက် စလုံးရဲ့ ဆုံးဖြတ်ချက်ပေါ့။ သူ ကတော့ ပွင့်ပွင့်လင်းလင်း ပြော တယ်။ သူကကင်မရာရှေ့မှာ နေ ရတဲ့သူဖြစ်တဲ့အတွက်ကြောင့် အလုပ်ကို ပီပီပြင်ပြင်လေး လုပ် လိုက်ချင်သေးတယ်လို့ ပြောပါ တယ်’’ဟု ဒါရိုက်တာဏကြီးက ပြောသည်။ 

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ထိုင်းမှာ သရုပ်ဆောင်သင်တန်းသွားတက်ခဲ့တဲ့ နေခြည်ဦး

Fri Sep 6 , 2019
ဇာတ်ကားရိုက်ကူးရေး ကမ်းလှမ်းမှုများလာသဖြင့် သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ထိုင်း နိုင်ငံတွင် သင်တန်းတက်ခဲ့ကြောင်း နေခြည်ဦးက ပြောသည်။ ‘‘နေခြည်က သရုပ်ဆောင် အတွေ့အကြုံတွေလည်းမရှိဘူး။ ပရိသတ်ရှိတဲ့သူ တစ်ယောက်အ နေနဲ့သာ ပရိုဂျူဆာတွေက ခေါ် ရိုက်တာဖြစ်တဲ့အတွက် အရှေ့ ကားတွေမှာ ဘာပဲပြောပြော ပရိ သတ်က ကိုယ့်ကိုချစ်လို့ကြည့်တာ ဆိုတော့ နောက်ပိုင်းတွေမှာ လည်း ကိုယ့်ကို ဒီလိုငှားလာတဲ့အ ချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှု သိပ်မရှိတော့ဘူး’’ ဟု သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ခံစား မှုကို ပြောသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ် သည့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ထိုင်းနိုင်ငံတွင် Method Acting သင်တန်းတက်ရောက်ရန် စီစဉ် သောကြောင့် […]
ဓာတ်ပုံ− Nay Min Tun ( Amazing Grace )

Myanmar News

MMnews

All the latest news about Myanmar

Quick Links