တန်ဖိုးဇာတ်ကားကို ပရိသတ်စိတ်မဝင်စားမှာ စိုးနေတဲ့ အေးမြတ်သူ

စက်တင်ဘာ ၁၂ ရက် တွင် ရုံတင်ပြသမည့် ‘တန်ဖိုး’ ရုပ်ရှင်ဇာတ်ကား၌ ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးထားသ ဖြင့် ပရိသတ်စိတ်ဝင်စားမှု နည်း မည်ကိုစိုးရိမ်ကြောင်း သရုပ် ဆောင် အေးမြတ်သူက ပြော သည်။

‘‘အေးမြတ်သူ ခေါင်းဆောင် အနေနဲ့ သွားရတဲ့ကားက နည်း တယ်။ ဒါကလည်း ဈေးကွက်မရှိ ဘူးဆိုတဲ့ သဘောပေါ့။ ကိုယ့်ကို သတ္တိရှိရှိနဲ့ ဈေးကွက်ကိုစိတ်မဝင် စားဘဲ မိန်းနေရာက ထားရိုက်ပေး တဲ့အပေါ်မှာ ဒါရိုက်တာကြီးကို ကျေးဇူးတင်တယ်။ အဲဒီကားမှာ စိတ်ဝင်စားမှုလျော့ခဲ့ရင်လည်း ငါ့ကြောင့်လားဆိုပြီး စိုးရိမ်စိတ်ရှိ တယ်’’ ဟု ၎င်းကပြောသည်

ယင်းဇာတ်ကားကို Hkakabo Razi Pictures က ရိုက်ကူး ထုတ်လုပ်ပြီး မြန်မာနှင့်ကိုရီးယား အနုပညာရှင်များ ပူးပေါင်းရိုက် ကူးထားခြင်းဖြစ်သည်။

‘‘ဈေးကွက်အရ ရုံထဲသို့ လူ ဝင်မှု၊ မဝင်မှုကလည်းရှိနေတယ်။ အနုပညာမြောက်တိုင်းလည်း လူဝင်ချင်မှ လူဝင်တာပေါ့။ အေး မြတ်သူကို သက်တော်ရှည်မင်း သမီးလို့ ပြောကြတယ်။ ဒီကား လေးသာ ရလဒ်ကောင်းရခဲ့မယ်၊ ပရိသတ်များပြီး လူဝင်ခဲ့မယ်ဆို ရင် အေးမြတ်သူအတွက် နောက် ထပ်လှေကားတစ်ခုကို တက်ခွင့်ရ မယ်လို့ ယုံကြည်တယ်။ အေး မြတ်သူက ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်ပေမယ့် ထုတ်လုပ်သူတွေ က ဈေးကွက်ကိုကြောက်တယ်’’ ဟု အေးမြတ်သူက ပြောသည်။

ယင်းဇာတ်ကားကို ဒါရိုက် တာ ဂျွန်လရော်က ပုံဖော်ရိုက်ကူး ထားပြီး ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ ခင်ဇာ ခြည်ကျော်နှင့် အခြားသရုပ် ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

‘‘ဒါရိုက်တာအသစ်လို့ ပြော ပေမယ့် အရမ်းကိုအနုပညာဝမ်း စာပြည့်ပြီး တကယ့်ကိုစာတွေ့၊ လက်တွေ့ အကုန်လုံးကို သေချာ လေ့လာဆည်းပူးထားတဲ့ ဒါရိုက် တာတစ်ယောက်ဖြစ်တဲ့အတွက် အေးမြတ်သူတို့   အလုပ်လုပ်ရ တာ အရမ်းကိုအဆင်ပြေတယ်။ အေးမြတ်သူက တစ်ခါတလေအ လုပ်လုပ်ရင် နည်းနည်းလေးပရမ်း ပတာအိုဗာဖြစ်တာမျိုးရှိတယ်။ ဒီကားကိုရိုက်တဲ့ ဒါရိုက်တာက နိုင်ငံတကာက Documentary ရုပ်ရှင်ပွဲတော်မှာ ဆုရထားတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ် တယ်။ ဒါရိုက်တာကြီးရဲ့ပညာကို လာကြည့်စေချင်ပါတယ်’’ဟု အေးမြတ်သူက ပြောသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

မြမြအဖြစ် မြင်ရမယ့် သင်ဇာဝင့်ကျော်

Fri Sep 6 , 2019
‘မြမြ’ရုပ်ရှင်တွင် အဓိ ကသရုပ်ဆောင်အဖြစ် သင်ဇာ ၀င့်ကျော်ကို ရွေးချယ်ထား ကြောင်း ဒါရိုက်တာညိုမင်းလွင် က ပြောသည်။ ‘‘သင်ဇာဝင့်ကျော်နဲ့ လူများ ကို ခြောက်လှန့်ရန် တစ္ဆေတစ် ကောင်အလိုရှိသည်ဇာတ်ကား ရိုက်ဖူးတယ်။ အခုညကျောင်းရုပ် ရှင်ထုတ်လုပ်ရေးကနေ သရဲကား ရိုက်မယ်ဆိုတော့လည်း သူ့ကိုပဲ မျက်လုံးထဲမှာ တန်းမြင်လို့ကမ်း လှမ်းခဲ့တာပါ’’ ဟု သင်ဇာဝင့် ကျော်ကို   ရွေးချယ်ဖြစ်သည့် အကြောင်း ပြောသည်။ ထို့ကြောင့် မြမြအဖြစ် သရုပ်ဆောင်ရန် သင်ဇာဝင့်ကျော် ကို ကမ်းလှမ်းရာ လက်ခံကြောင်း နှင့် မြမြနေရာ၌ သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်မည့် အ ကြောင်းစက်တင်ဘာ ၁ ရက်တွင် လူမှုကွန်ရက်မှ အသိပေးသည်။ ‘‘အောက်တိုဘာပထမပတ် မှာ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links