တိုက်ပွဲရပ်တန့်နိုင်ရေး ဦးတည်ဆွေးနွေးရန် တပ်မတော်နှင့် AA ကို ရခိုင်ပါတီနှင့် လွှတ်တော်အမတ်တောင်းဆို

ရခိုင်ဒေသ၌ ဖြစ်ပွားနေ သည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခ များ လျှော့ချရပ်တန့်နိုင်ရေး ဦး တည်ဆွေးနွေးရန် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကို ရခိုင်အမျိုးသားပါတီ(ANP) တာဝန်ရှိသူနှင့် လွှတ်တော်ကိုယ် စားလှယ်များက တောင်းဆို သည်။


AA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရ  ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံ မြို့၌ တွေ့ဆုံဆွေးနွေးရန်သဘော တူညီခြင်းနှင့်ပတ်သက်ပြီး အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘အခုဆိုရင် အန်တီတို့ ရခိုင် ဘက်မှာ တိုက်ပွဲတွေ တော်တော် ဖြစ်တဲ့အတွက် အဓိက မြေစာပင် ဖြစ်တဲ့ ပြည်သူတွေပဲ ဒုက္ခဖြစ်နေ တယ်။ ပြည်သူတွေ ဒီအန္တရာယ် တွေက ကင်းလွတ်ဖို့၊ကိုယ့်အိမ်မှာ  ကောင်း ကောင်းမွန်မွန်နေထိုင်နိုင် ဖို့ဆိုရင် ငြိမ်းချမ်းရေးက အရေး ကြီးတယ်။ အဲဒီအတွက် ငြိမ်းချမ်း ရေးမှာ အဖြေတစ်ခုထွက်ပါစေလို့ မျှော်လင့်တယ်။ ထွက်တာ၊ မ ထွက်တာတော့ အဲဒီနေ့ကျမှသိရ မယ်’’ ဟု ရသေ့တောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စောဝေက ပြောသည်။

ဆွေးနွေးပွဲရလဒ်ကောင်းမွန် စေရေး တစ်ဖက်နှင့် တစ်ဖက် အပေးအယူလုပ်ညှိနှိုင်းရန် ၎င်း က တိုက်တွန်းသည်။

ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင် ဦးထွန်းအောင်ကျော်က  လက်နက်ကိုင် ဖြေရှင်းသည့်နည်း လမ်းကိုသဘောမကျကြောင်း၊ တိုက်ပွဲများကြောင့် ရခိုင်ဒေသခံ အများအပြား အသက်ဆုံးရှုံးခဲ့ ကြောင်းပြောသည်။

‘‘ငြိမ်းချမ်းရေးရရှိမှသာ ကျွန် တော်တို့က ဒီပြဿနာတွေဖြေ ရှင်းနိုင်မယ်။ အဲဒါကြောင့် ကျွန် တော်တို့က မျှော်လည်း မျှော်လင့် တယ်၊ ဖြစ်လည်း ဖြစ်စေချင် တယ်။ အေးချမ်းမှု အမြန်ရပြီး တော့ နှစ်ဖက်ကျေကျေလည် လည်နဲ့ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ကို အမြန်ဆုံးရဖို့အတွက် အရမ်း ကို မျှော်လင့်တယ်ဆိုတာ ပြော ချင်ပါတယ်’’ ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

သမ္မတမွန်ဂျေအင်၏ မြန်မာခရီးစဉ်တွင် ကိုရီးယားဘဏ်အကြီးအကဲများလိုက်ပါမည်

Fri Sep 6 , 2019
သမ္မတမွန်ဂျေအင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် တောင် ကိုရီးယား၏အဓိကဘဏ်အကြီး အကဲများ လိုက်ပါလာမည်ဟု  ဆိုးလ်အခြေစိုက်သတင်းဌာန The Korea Herald က ယမန်နေ့      ၌ ဖော်ပြသည်။ Shin Hanဘဏ်အကြီးအကဲ Jin Ok-dong, KB Kookmin ဘဏ်အကြီးအကဲ Hur Yin နှင့်  ကိုရီးယားစက်မှုဆိုင်ရာဘဏ် ဥက္ကဋ္ဌ Kim Do-jin တို့သည်စက် တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ သုံးရက်ကြာလာ ရောက်မည့် သမ္မတမွန်ဂျေအင်၏ ခရီးစဉ်အတွင်း လိုက်ပါလာမည် ဟု ယင်းကုမ္ပဏီများ၏ ပြောခွင့်ရ  ပုဂ္ဂိုလ်များကို  ကိုးကား၍အထက် ပါသတင်းဌာနက ဖော်ပြသည်။၎င်းတို့သည် သမ္မတမွန်ဂျေအင်၏ ထိုင်းနှင့် လာအိုခရီးစဉ်များတွင်လည်း […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links