ထိုင်းမှာ သရုပ်ဆောင်သင်တန်းသွားတက်ခဲ့တဲ့ နေခြည်ဦး

ဓာတ်ပုံ− Nay Min Tun ( Amazing Grace )

ဇာတ်ကားရိုက်ကူးရေး ကမ်းလှမ်းမှုများလာသဖြင့် သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ထိုင်း နိုင်ငံတွင် သင်တန်းတက်ခဲ့ကြောင်း နေခြည်ဦးက ပြောသည်။

‘‘နေခြည်က သရုပ်ဆောင် အတွေ့အကြုံတွေလည်းမရှိဘူး။ ပရိသတ်ရှိတဲ့သူ တစ်ယောက်အ နေနဲ့သာ ပရိုဂျူဆာတွေက ခေါ် ရိုက်တာဖြစ်တဲ့အတွက် အရှေ့ ကားတွေမှာ ဘာပဲပြောပြော ပရိ သတ်က ကိုယ့်ကိုချစ်လို့ကြည့်တာ ဆိုတော့ နောက်ပိုင်းတွေမှာ လည်း ကိုယ့်ကို ဒီလိုငှားလာတဲ့အ ချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှု သိပ်မရှိတော့ဘူး’’ ဟု သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ခံစား မှုကို ပြောသည်။

ထို့ကြောင့် သူငယ်ချင်းဖြစ် သည့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ထိုင်းနိုင်ငံတွင် Method Acting သင်တန်းတက်ရောက်ရန် စီစဉ် သောကြောင့် အတူလိုက်တက် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လတ်လောတွင် ဒါရိုက်တာ မီးပွားရိုက်ကူးသည့် ‘Rosella’ ရုပ်ရှင်၌ ဒေါင်းနှင့်အတူ တွဲဖက် သရုပ်ဆောင်နေကြောင်း ပြော သည်။ ‘‘ထင်ထားတာထက်ပိုပြီး အ ဆင်ပြေတယ်။ ဦးပွားကလည်း အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ နေခြည်ရော၊ ကိုဒေါင်းရောကို သရုပ်ဆောင်တဲ့နေရာမှာ လွတ် လပ်စွာ သရုပ်ဆောင်ခွင့်ပေးထား တယ်။ နေခြည်တို့ရင်ထဲမှာရှိတဲ့ ကာရိုက်တာတွေကို နှစ်ယောက်စ လုံးက ဖော်ပြခွင့်ရတယ်’’ဟု Rosella ရုပ်ရှင်နှင့်ပတ်သက်၍ နေခြည်ဦးက ပြောသည်။

ယင်းဇာတ်ကားသည် မော် ဒန်ရိုမန့် ဇာတ်လမ်းဖြစ်၍ ပရိ သတ် အမြင်ဆန်းမည့်ဇာတ်ကား ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘နေခြည်က ဒီအလုပ်လုပ် တာဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ကြည့်ကောင်းနေမှရမှာလေ။ အ မြဲတမ်း ကင်မရာတွေကြားထဲမှာ နေရတယ်။  ကိုယ်တင်တဲ့ပုံတွေ ကတော့ Retouch ပေါ့။ တခြား လူတွေက Retouch လုပ်ပေးမှာ မဟုတ်ဘူးလေ။ အဲဒီတော့ဝတဲ့ တကယ့်ပုံတွေကျ အဆင်မပြေ ဘူး။ အဲဒါကြောင့် ကိုယ့် Career အတွက် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ပုံစံနဲ့ဝိတ်ချတယ်’’ ဟု ဝိတ်ချဖြစ် သည့်အကြောင်း   နေခြည်ဦးက ပြောသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

တန်ဖိုးဇာတ်ကားကို ပရိသတ်စိတ်မဝင်စားမှာ စိုးနေတဲ့ အေးမြတ်သူ

Fri Sep 6 , 2019
စက်တင်ဘာ ၁၂ ရက် တွင် ရုံတင်ပြသမည့် ‘တန်ဖိုး’ ရုပ်ရှင်ဇာတ်ကား၌ ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးထားသ ဖြင့် ပရိသတ်စိတ်ဝင်စားမှု နည်း မည်ကိုစိုးရိမ်ကြောင်း သရုပ် ဆောင် အေးမြတ်သူက ပြော သည်။ ‘‘အေးမြတ်သူ ခေါင်းဆောင် အနေနဲ့ သွားရတဲ့ကားက နည်း တယ်။ ဒါကလည်း ဈေးကွက်မရှိ ဘူးဆိုတဲ့ သဘောပေါ့။ ကိုယ့်ကို သတ္တိရှိရှိနဲ့ ဈေးကွက်ကိုစိတ်မဝင် စားဘဲ မိန်းနေရာက ထားရိုက်ပေး တဲ့အပေါ်မှာ ဒါရိုက်တာကြီးကို ကျေးဇူးတင်တယ်။ အဲဒီကားမှာ စိတ်ဝင်စားမှုလျော့ခဲ့ရင်လည်း ငါ့ကြောင့်လားဆိုပြီး စိုးရိမ်စိတ်ရှိ တယ်’’ ဟု ၎င်းကပြောသည် ယင်းဇာတ်ကားကို Hkakabo Razi Pictures က […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links