ထိုင်း-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံအဆင့်မြင့်တပ်မတော်အရာရှိကြီးများအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး

ထိုင်း-မြန်မာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် နှစ်နိုင်ငံနယ်စပ်ဒေသတည် ငြိမ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။ 


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဘန်ကောက်မြို့ ၌ ကျင်းပသည့် (၇)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့ တက် ရောက်ပြီး ယင်းအစည်းအဝေးမှ တစ်ဆင့် တပ်မတော်နှစ်ရပ်အ ကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

အထက်ပါအစည်းအဝေး တွင် သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းများ တရားမ၀င် ရောင်းချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ သည်ဟု တပ်မတော်ထုတ်ပြန် ချက်၌ ဖော်ပြသည်။

ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာများ၊ စစ်ဘက်ဆေးပညာ ဆိုင်ရာများ၊ ချစ်ကြည်ရေးခရီးစဉ် များ အပြန်အလှန်လည်ပတ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန် စေလွှတ်ရေးတို့ လည်းဆွေးနွေးခဲ့သည်။

အထက်ပါအဆင့်မြင့်အရာ ရှိကြီးများအစည်းအဝေးသည် နှစ် နိုင်ငံတပ်မတော်နှစ်ရပ်အကြား အရေးကြီးသည့် အစည်းအဝေး ဖြစ်ပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြော သည်။

နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး (High Level Committee Meeting)ကို ၂၀၁၃ က စ၍ နှစ်စဉ်အလှည့်ကျ အိမ်ရှင်စနစ်ဖြင့် စတင်ခဲ့ပြီး လာမည့် (၈)ကြိမ်မြောက် အစည်းအ ဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် စက်တင်ဘာ ၃ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပင်လယ်ရေပိုင်နက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ၊ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အပြင် အခြားစီးပွားရေးကဏ္ဍများ ၌ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြား သည်ဟု တပ်မတော်ကထုတ်ပြန် သည်။

ယင်းနောက် နှစ်နိုင်ငံအစိုးရ နှင့် တပ်မတော်နှစ်ရပ်အကြား ရှိ ရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမို တိုးတက်အောင် ဆက်လက် ဆောင်ရွက်မည်ဟု ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆိုသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ကချင်စစ်ပွဲ (၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲဦးဆောင်သူ လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်

Fri Sep 6 , 2019
ကချင်စစ်ပွဲ (၈) နှစ် ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုအ ဖြစ်မြစ်ကြီးနားမြို့ပေါ်တွင် ပြ ဇာတ်တင်ဆက်ခြင်းနှင့်ပတ်သက် ၍ တရားစွဲခံရသည့် ဦးဆောင်သူ လူငယ်နှစ်ဦးကို မြို့နယ်တရားရုံး ကထောင်ဒဏ် ၁၅ ရက်စီချမှတ် ခဲ့သည်။ တပ်မတော်နှင့် ကချင်လက်  နက်ကိုင်အဖွဲ့ (KIA) တစ်ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု (၈) နှစ်ပြည့် သည့် ဇွန်လ ၉ ရက်တွင်  စစ် ရှောင်များကိုယ်တိုင်ပါဝင်သည့် ပြဇာတ်တင်ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဆိုကာ ကချင် လူငယ်တာဝန်ခံနှစ်ဦးဖြစ်သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရာစက်တင် ဘာ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ သည်။  တရားရုံးက […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links