ဘင်္ဂါလီအရေး ပြစ်တင်ရှုတ်ချရန် အင်ဒိုနီးရှားပါလီမန်၏ကြိုးပမ်းမှုကို မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ပယ်ချ

ဘင်္ဂါလီအရေးနှင့် ပတ် သက်၍ မြန်မာနိုင်ငံကိုပြစ်တင် ရှုတ်ချရန် အင်ဒိုနီးရှားပါလီမန် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှု ကို  မြန်မာလွှတ်တော် ကိုယ်စား လှယ်အဖွဲ့က သြဂုတ် ၂၅ ရက် ညတွင် ပယ်ချခဲ့သည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် အကြိမ် (၄၀) ပြည့် အာဆီယံပါလီမန်များအ ထွေထွေညီလာခံ ပထမနေ့ (သြ ဂုတ် ၂၅ ရက်) ညတွင် AIPA (အာဆီယံ ပါလီမန်များညီလာခံ) ၏ Executive Committee (အ လုပ် အမှုဆောင်အစည်းအဝေး) ကျင်းပခဲ့ရာ ယင်းအစည်းအဝေး ၌ မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့က အင်ဒိုနီးရှားပါလီ မန်၏ ကြိုးပမ်းမှုကို ပယ်ချခဲ့ ကြောင်း ညီလာခံသို့လိုက်ပါသွား သူ စမ်းချောင်းအမတ် ဦးဘိုဘိုဦး က 7Day Daily သတင်းစာအား ပြောသည်။

မူလက အင်ဒိုနီးရှားပါလီမန် အဖွဲ့သည် နိုင်ငံရေးကဏ္ဍအဖြစ် ‘Resolution on Responding to the Humanitarian Crisis of the Rohingya People’ ခေါင်းစဉ်ဖြင့် သြဂုတ် ၂၇ ရက်တွင် အဆိုတင် သွင်းရန် လျာထားခြင်းဖြစ်သည်။ အင်ဒိုနီးရှား ပါလီမန်ကိုယ်စား လှယ်အဖွဲ့သည် ၎င်းတို့၏ အဆို မူကြမ်းကို ဆွေးနွေးခွင့်မရပါက  နိုင်ငံရေးကဏ္ဍတစ်ခုလုံးကို မ ဆွေးနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ လျာထားချက် အစီအစဉ်တွင် နိုင်ငံရေးကဏ္ဍ၌ အင်ဒိုနီးရှား၏ အထက်ပါအဆိုမူကြမ်းနှင့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့က တင် သွင်းထားသော အခြားခေါင်းစဉ် အကြောင်းအရာ မူကြမ်းသုံးခု လည်းပါဝင်သည်။

သို့သော် အင်ဒိုနီးရှား၏ အ ထက်ပါ အဆိုမူကြမ်းအပါအ၀င်  နိုင်ငံရေးကဏ္ဍတွင် ပါဝင်သည့်  အဆိုမူကြမ်း လေးခုစလုံးကို Executive Committee အစည်း အဝေး၌ ပယ်ဖျက်ခဲ့ကြောင်း ဦးဘိုဘိုဦးကရှင်းပြသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့က အင်ဒိုနီး ရှားပါလီမန်အဖွဲ့၏ အဆိုမူကြမ်း ကိုသာ ပယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလုပ်အမှုဆောင် အစည်း အဝေးတွင် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည် နယ်မြောက်ပိုင်း အခြေအနေကို  ရှင်းလင်းပြီး မြန်မာအစိုးရ၏ ဆောင်ရွက်မှုကို လွှတ်တော်က မျက်ခြည်မပြတ် စောင့်ကြည့်နေ    ကြောင်းနှင့် အားရစရာရှိကြောင်း၊  နိုင်ငံရေးအရအကျပ်ကိုင်ခံနေရမှု ကို သိရှိရန်လိုအပ်ကြောင်းစသည် ဖြင့် ထည့်သွင်းရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အထက်ပါ ညီလာခံသို့လွှတ် တော်ရေး ရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၊ အဖွဲ့ခေါင်း ဆောင် သုံးခွမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ဦးဆောင်၍ အဖွဲ့ဝင် ၁၉ ဦးပါ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နေသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

အစ္စရေး Drones နှစ်စင်း လက်ဘနွန်မှာ ပျက်ကျ

Fri Sep 6 , 2019
လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာတို့ အမာခံနယ်မြေထဲ အစ္စရေး Drone ယာဉ် နှစ်စင်း ပျက်ကျလာခဲ့တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ပြောလိုက်ပါတယ်။ ဟစ်ဇ်ဘိုလာတို့ရဲ့ မီဒီယာရုံးရှိတဲ့ အဆောက်အဦပေါ်က ကနဦး တစင်းပျက်ကျလာတာဖြစ်ပြီး နောက်ထပ် ၄၅ မိနစ်လောက်မှာ အဲဒီ Drones ကို လာရှာပုံရတဲ့ နောက်ထပ်တစင်းလည်း ပျက်ကျလာတယ်လို့ ဟစ်ဇ်ဘိုလာတို့က ပြောပါတယ်။ သူတို့ကို ပစ်ချလို့ ပျက်ကျလာတာမဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာ ပြောခွင့်ရသူ Mohammed Afif က အေပီသတင်းဌာနကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။ အခုလို အစ္စရေး Drones နှစ်စင်း ပျက်ကျလာတဲ့အပေါ်မှာ လက်ဘနွန်ဝန်ကြီးချုပ် Saad Hariri ကတော့ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links