ဟိန္ဒူဘာသာဝင်လေးရာကျော် အမြန်ဆုံးပြန်ပို့ပေးရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးရန် ကုလအထူးကိုယ်စားလှယ်ထံ မြန်မာအစိုးရမေတ္တာရပ်ခံ

ဟိန္ဒူဘာသာဝင်နေရပ် စွန့်ခွာသူ လေးရာကျော်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်း ပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအ ထူးကိုယ်စားလှယ်ထံ မေတ္တာရပ် ခံခဲ့သည်။


နေပြည်တော်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ် စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို စက်တင်ဘာ ၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံစဉ် ၀န်ကြီးဦးကျော်တင်က ယင်းသို့မေတ္တာ ရပ်ခံခြင်းဖြစ်သည်။

‘‘ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန် ချက်ထုတ်ထားတာရှိတယ်လေ။ ပြန်ချင်တဲ့ သူတွေကို ဘယ်သူ့ကိုမှ မတားဆီးပါဘူးဆိုပြီးလေ။ ဒါပေမဲ့ အဲဒီဟိန္ဒူတွေ ပြန်ဖို့ သူတို့တက်တက်ကြွကြွလုပ်မပေးဘူး။ အဲဒါလုပ်ပေးဖို့ပေါ့’’ ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောသည်။

အထက်ပါ ကုလအထူး ကိုယ်စားလှယ်သည် ယခုလအ တွင်း ကျင်းပမည့် (၇၄)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ မြန်မာနိုင်ငံအရေး ရှင်းလင်းပြောကြားမည်ဖြစ်ပြီး ယင်းအတွက် ရခိုင်ပြည်နယ်အ ရေးနှင့်ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို လာရောက်လေ့လာခြင်းဖြစ်သည် ဟု ၎င်းကဆက်လက်ပြောသည်။

မကြာသေးမီက မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်ရန် သဘောတူခဲ့သော်လည်း အစီအစဉ်အထ မမြောက်သည့် အကြောင်းရင်း၊ အတားအဆီးများသည်သဘော ဆန္ဒအလျောက် ပြန်လို သူများကို ARSA အကြမ်းဖက်အဖွဲ့က   ခြိမ်းခြောက်တားဆီးနေမှု၊ နှစ်နိုင်ငံ အကြား သဘောတူညီချက်နှင့်အ ညီ သတ်မှတ်ပုံစံများကို နေရပ်ပြန်လိုသူများကို ဖြန့်ဝေဖြည့်စွက်ပေးပို့ရေး လုပ်ထုံးလုပ်နည်းများကို ဘင်္ဂလားဒေ့ရှ်က လိုက်နာမှု မရှိကြောင်း ထည့်သွင်းပြောကြား သည်။

ခရီးစဉ်အတွင်း ကုလအထူး ကိုယ်စားလှယ်သည် ပြည်ထောင်စုဝန်ကြီးအချို့နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးဆောင်ရွက် ရာတွင် အရေးပါသည့် ကဏ္ဍများ ဖြစ်သော လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု ဆို သည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ထိုင်း-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံအဆင့်မြင့်တပ်မတော်အရာရှိကြီးများအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး

Fri Sep 6 , 2019
ထိုင်း-မြန်မာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် နှစ်နိုင်ငံနယ်စပ်ဒေသတည် ငြိမ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဘန်ကောက်မြို့ ၌ ကျင်းပသည့် (၇)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့ တက် ရောက်ပြီး ယင်းအစည်းအဝေးမှ တစ်ဆင့် တပ်မတော်နှစ်ရပ်အ ကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ အထက်ပါအစည်းအဝေး တွင် သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းများ တရားမ၀င် […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links