အပျိုစင် စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဘင်္ဂလားဒေ့ရှ် တရားရုံး ပယ်ဖျက်

ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေ လက်ထပ်ဖို့ လျှောက်လွှာ ဖြည့်သွင်းရာမှာ အပျိုစင် ဖြစ်ကြောင်း ထည့်သွင်း ကြေညာစရာ မလိုတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အမြင့်ဆုံး တရားရုံးက ပြဋ္ဌာန်းလိုက်ပါတယ်။

အပျိုစင်ဆိုတဲ့ စကားလုံးအစား အိမ်ထောင်မရှိသူဆိုတဲ့ စကားလုံးနဲ့ အစားထိုး ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖြည့်သွင်း နိုင်တဲ့ အိမ်ထောင်ဘက် ကွယ်လွန် နဲ့ ကွာရှင်းထားသူဆိုတဲ့ စကားလုံးတွေကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။

အခုဆုံးဖြတ်ချက်ကို တရားရုံးက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုလို ကြေညာလိုက်တာကို အမျိုးသမီး အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

အပျိုစင်ဖြစ်ကြောင်း ကြေညာခိုင်းတာဟာ အမျိုးသမီးတွေကို နှိမ်ထားတာ ဆိုပြီး အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့အဖွဲ့တွေက ဒီအသုံးအနှုန်းကို ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီလို ပြောင်းလဲလိုက်တဲ့အပြင် လက်ထပ်ဖို့ လျှောက်လွှာတင်မယ့် သတို့သားတွေဟာလည်း သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ထည့်သွင်းကြေညာရတော့မှာ ဖြစ်ပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေဟာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ခွဲခြားနှိမ်ချတာတွေ ရှိတယ်ဆိုပြီး အမျိုးသမီး အခွင့်အရေးတောင်းဆိုသူတွေက ဝေဖန်ကန့်ကွက်နေခဲ့ကြတာပါ။

မိန်းကလေး အတော်များများဟာ အသက်ငယ်ငယ်အရွယ်တွေမှာပဲ မိဘတွေ သဘောကျသူတွေနဲ့ လက်ထပ်နေကြရတာ ဖြစ်ပါတယ်။
တရားရုံးက ဘာပြင်လိုက်တာလဲ

‘ကုမ္မာရီ’ ဆိုတဲ့ စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဖယ်မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အဲဒီစကားလုံးဟာ အိမ်ထောင်မရှိသူလို့ အဓိပ္ပာယ်ရှိပြီး အပျိုစင်လို့လည်း နောက်ထပ် အဓိပ္ပာယ် တစ်မျိုး ရှိနေပြန်ပါတယ်။

အခုတော့ ‘အော်ဘီဘဟီတာ’ ဆိုတဲ့ အိမ်ထောင်မရှိသူလို့ သီးသန့်အဓိပ္ပါယ်ထွက်တဲ့ စကားလုံးကိုပဲ သုံးစွဲရမှာ ဖြစ်ပါတယ်။

အမျိုးသမီး အခွင့်ရေး တောင်းဆိုတဲ့ ရှေ့နေတွေက အဲဒီ စကားလုံးကို ပြင်ဆင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ တရားရုံးကို တင်ပြလျှောက်ထားခဲ့ကြပါတယ်။ အဲဒီစကားလုံးဖြည့်သွင်းရတဲ့ လက်ထပ် လျှောက်လွှာဟာ အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးပြီး အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို နှိမ်ချတာဆိုပြီး တင်ပြခဲ့ကြရာက အခုလို ပြင်ဆင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာတယ် ဆိုတဲ့သူတွေကို အာသံပြည်နယ်ထဲကနေ တကယ်ပဲ နှင်ထုတ်မှာလား။

Fri Sep 6 , 2019
အိန္ဒိယနိုင်ငံဘက်ခြမ်း အာသံပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းမှာ လူ ၄ သန်းကျော်လောက် နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးဖွယ် ရှိနေပြီး သူတို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူတွေကို ဖော်ထုတ်ဖို့ အိန္ဒိယ အစိုးရရဲ့ တွန်းအားပေး ဆောင်ရွက်မှု တစ်ခုအဖြစ် မနှစ်က ရေးဆွဲ အတည်ပြုခဲ့တဲ့ နိုင်ငံသား အသိအမှတ်ပြုစာရင်း မူကြမ်းတစ်ခုထဲမှာ အဲဒီလူတွေကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။ အခု သြဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး အပြီးသတ် စာရင်း ထုတ်ပြန်ဖို့ ရှိတာမို့ ဒီစာရင်းကို အဲဒီက လူတွေက စိုးရိမ်တကြီး စောင့်နေကြတာပါ။ အိန္ဒိယအစိုးရအနေနဲ့ အချေအတင် အငြင်းပွားစရာ ဒီလို […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links