အသံသွင်းရင်းမူးယစ်ဆေးသုံးခဲ့တယ်လို့ ၀န်ခံပြောကြားတဲ့ ဟယ်ရီစတိုင်

လာမည့်အယ်လ်ဘမ်  သစ်အတွက် အသံသွင်းစဉ် Magic mushrooms ဟုခေါ် သောမူးယစ်ဆေးဝါးတစ်မျိုးကို သုံးစွဲခဲ့သည်ဟု ဗြိတိန်အဆိုကျော်  ဟယ်ရီစတိုင်က ၀န်ခံပြောကြား သည်။

ယင်းဆေးသည် အမျိုးအ စားအဆင့် (၁) မူးယစ်ဆေးတစ် မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ၂၀၀၅ ကတည်းက ပိတ်ပင်ထားသည်။

ယင်းမူးယစ်ဆေးဝါးကို ကယ်လီဖိုးနီးယားပြည်နယ် မာလီ  ဘူးကမ်းခြေရှိ နာမည်ကြီးရှန်ဂရီ လာအသံသွင်းခန်းမတွင် သုံးစွဲခဲ့ သည်ဟု One Direction အဖွဲ့ဝင် ဟောင်းဟယ်ရီစတိုင်က Rolling Stone မဂ္ဂဇင်းအားပြောသည်။

‘‘ကျွန်တော်တို့ Magic mushrooms တွေသုံးခဲ့တယ်။ မြက်ခင်းပြင်ပေါ်လှဲချပြီးပေါလ်  မက္ကနေးရဲ့သီချင်းတစ်ပုဒ်ကို နား ထောင်ခဲ့တယ်’’ ဟု ဟယ်ရီစတိုင် ကပြောသည်။  ယင်းမူးယစ်ဆေးသုံးခွဲသောကြောင့် လျှာကိုက်မိ၍ ပါး စပ်ထဲမှ သွေးယိုထွက်ပြီး သီ ချင်းအသံသွင်းရန် ကြိုးစားခဲ့ရ ကြောင်း ဟယ်ရီစတိုင်က ထပ် လောင်းပြောကြားသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် သဇင်ထူးမြင့်

Fri Sep 6 , 2019
ဒါရိုက်တာစွမ်းပိုင်ရိုက် ကူးမည့် ဆုံစည်းခွင့်ရုပ်သံဇာတ် လမ်းတွဲတွင် ပထမဆုံးပါဝင် သရုပ်ဆောင်ရန်ရှိကြောင်း သရုပ် ဆောင်ခင်လှိုင်၏ သမီးသဇင်ထူး မြင့်ကပြောသည်။ ‘‘ဒီထဲမှာ မအိချောပိုရဲ့ညီမ အငယ်ဆုံးနေရာက ပါဝင်သရုပ် ဆောင်ရမယ်။ ကိုယ်ကအူကြောင်  ကြောင် လူငယ်ပုံစံပါပဲ။ အစ်မရဲ့ ထိန်းချုပ်မှုအောက်မှာ နေရတဲ့ ကာရိုက်တာလေးပေါ့။ ရိုက်ဖူး တာက သီချင်းနဲ့ကြော်ငြာတွေ၊ နောက် Short Film လေးတွေရိုက် ဖူးတာဆိုတော့ ရုပ်ရှင်အနေနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ အခုက ပထမဆုံးဆိုတော့ အရမ်းလည်း စိတ်လှုပ်ရှားတယ်’’ ဟု ၎င်းက ပြောသည်။ ယင်းဇာတ်လမ်းတွဲတွင်ပါ ၀င်သည့် ၎င်း၏ဇာတ်ရုပ်သည် မိမိ၏ကိုယ်ပိုင်ကာရိုက်တာနှင့် နီးစပ်သည်ဟုဆိုသည်။ ‘‘အပြင်မှာလည်း ဖေဖေတို့ ထိန်းချုပ်မှုအောက်မှာပဲ နေ တယ်။ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links