ဖျော်ဖြေပွဲစင်နောက်မှာ ဓာတ်ပုံအတူရိုက်တဲ့ ဆန်းမီနဲ့ ဆယ်လ်ဂီ

 ကေပေါ့ပ်အမျိုးသမီးအ ဆိုတော် ဆန်းမီ နှင့် Red Velvet အဖွဲ့ဝင်ဆယ်လ်ဂီသည် Music Bank ဖျော်ဖြေပွဲ၌ ဇာတ်ခုံနောက် တွင် ဆုံစည်းခဲ့သည်။

ယင်းကြယ်ပွင့်နှစ်ဦးသည်  JTBC မှ ထုတ်လွှင့်သော Secret   Sister အစီအစဉ်တွင် သရုပ် ဆောင်ဖက်ဖြစ်ပြီး လတ်တလော ဆန်းမီက Lalalay သီချင်းထွက်ရှိ ထားသည်။

‘‘ကျွန်မရဲ့ ဆယ်လ်ဂီနဲ့အ တူ’’ ဟု ရေးသားထားသော ဓာတ်ပုံတစ်ပုံကို သြဂုတ် ၃၀ ရက်တွင် ဆန်းမီကအင်စတာ ဂရမ်မှတစ်ဆင့် မျှဝေခဲ့သည်။

Red Velvet အဖွဲ့၏အယ်လ်  ဘမ်သစ် The ReVe Festival: Day 2 ကို ဆန်းမီကလက်ထဲကိုင် ထားပြီးကာဗာတွင် ယင်းအဖွဲ့  က ‘‘ဟယ်လို၊  Red Velvet ပါ၊  Lalalay  သီချင်းက အံ့သြဖို့ ကောင်းပါတယ်။ ကပြဖျော်ဖြေမှု နဲ့အမြင်ကြွမှုတွေက အသစ်လိုခံ စားရတယ်။ သိပ်မိုက်တယ်။ ငါ တို့ဆက်ပြီး ကျန်းကျန်းမာမာနေ  ပြီး အရောင်းမြှင့်တင်ပွဲတွေကို အတူတူပျော်ဝင်ခံစားကြပါစို့’’ ဟု စာသားရေးပေးခဲ့သည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဟိန္ဒူဘာသာဝင်လေးရာကျော် အမြန်ဆုံးပြန်ပို့ပေးရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးရန် ကုလအထူးကိုယ်စားလှယ်ထံ မြန်မာအစိုးရမေတ္တာရပ်ခံ

Fri Sep 6 , 2019
ဟိန္ဒူဘာသာဝင်နေရပ် စွန့်ခွာသူ လေးရာကျော်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်း ပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအ ထူးကိုယ်စားလှယ်ထံ မေတ္တာရပ် ခံခဲ့သည်။ နေပြည်တော်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ် စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို စက်တင်ဘာ ၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံစဉ် ၀န်ကြီးဦးကျော်တင်က ယင်းသို့မေတ္တာ ရပ်ခံခြင်းဖြစ်သည်။ ‘‘ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန် ချက်ထုတ်ထားတာရှိတယ်လေ။ ပြန်ချင်တဲ့ သူတွေကို ဘယ်သူ့ကိုမှ မတားဆီးပါဘူးဆိုပြီးလေ။ ဒါပေမဲ့ အဲဒီဟိန္ဒူတွေ ပြန်ဖို့ သူတို့တက်တက်ကြွကြွလုပ်မပေးဘူး။ အဲဒါလုပ်ပေးဖို့ပေါ့’’ ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links