ပြေတီဦးဖောင်ဒေးရှင်းက ပညာရေးတက္ကသိုလ်ကျောင်းသားများကို ထောက်ပံ့မည်

 ပြေတီဦးဖောင်ဒေးရှင်း က ဆေးကျောင်းသား၊ နည်းပညာတက္ကသိုလ်ကျောင်းသားနှင့် ဥပဒေကျောင်းသားများအပြင် ပညာ ရေးတက္ကသိုလ်ကျောင်းသားများ ကိုပါ တိုးချဲ့ ထောက်ပံ့ရန် စဉ်းစားထားကြောင်း  သရုပ်ဆောင် ပြေတီဦးက ပြောသည်။ 

‘‘ကျွန်တော်ရန်ပုံငွေ ထပ်ရှာဖို့ အစီအစဉ်ရှိပါတယ်။ ရန်ပုံ ငွေတွေများ ထပ်ပြီး ရှာဖွေလို့ ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်ပညာရေး တက္ကသိုလ်ကျောင်းသားကို ဆက်ပြီးနိုင်သလောက်လေး တာဝန်ယူ ချင်ပါတယ်။ အခုကတော့ ဆရာဝန်ရှိတယ်၊ အင်ဂျင်နီယာရှိတယ်၊ ဥပဒေ   ကျောင်းသားရှိတယ်၊ နောက်ပြီးတော့ စီးပွားရေးတက္က သိုလ်ရှိတယ်။ စီးပွားရေးတက္က သိုလ်ကတော့ နှစ်စဉ်နှစ်တိုင်း ခေါ်တာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ပါဆင်နယ်အရ ကျွန်တော်ကိုယ် တိုင်တာဝန်ယူပြီး ကျောင်းထား ပေးတဲ့ ကျောင်းသားနှစ်ယောက်၊ သုံးယောက်ရှိတယ်။ ပင်တိုင်က ပညာရေးဖောင်ဒေးရှင်းက ခေါ်တာက ဆရာဝန်၊ အင်ဂျင်နီယာနဲ့ ဥပဒေရယ်ပေါ့။ နောက်ထပ် တိုးချင်တာက ပညာရေးတက္က သိုလ်ပေါ့’’ ဟု ၎င်းက ပြောသည်။ 

ပြေတီဦးဖောင်ဒေးရှင်းကို ၂၀၀၉ တွင် ကျပ်သိန်း ၁၀၀ ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖောင်ဒေးရှင်းသက် တမ်း ၁၀ နှစ်ရှိပြီဖြစ်သည်။

‘‘ဖောင်ဒေးရှင်း စတည် ထောင်မယ်ဆိုပြီး အစ်ကို့မှာ ပိုက် ဆံသိန်း ၁၀၀ လေးပဲ ရှိတယ်။ အဲဒါနဲ့ တည်ထောင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ပြန်တွေးကြည့်ရင် ဖြစ်နိုင်ပ့ါမလားလို့ တွေးချင်စရာ ပေါ့။ ကြားထဲမှာလည်း တော်တော်လေးကို ကြိုးစားပြီး ရုန်းကန်ခဲ့ရတယ်။ အခုတော့ ပျော်နိုင်ပြီ ပေါ့’’ ဟု ပြေတီဦးက ပြောသည်။ 

လက်ရှိတွင် ဆရာဝန်ဘွဲ့ရရှိ ပြီးသူ ၆၄ ဦးခန့်ရှိပြီဖြစ်သလို နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိသူ ခြောက်ဦးခန့် ရှိပြီဖြစ်သည်။ ဖောင်ဒေးရှင်းမှ လက်ရှိ ငွေကြေးထောက်ပံ့ပေးသည့် ကျောင်း တက်နေဆဲ ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိသည်။

‘‘ဖောင်ဒေးရှင်းမှာ ဆိုရင် ရန်ပုံငွေက လက်ရှိအချိန်ထိကို သိန်း ၆,၀၀၀ ကျော် ကျန်ပါသေး တယ်။ ကျွန်တော်တို့က ရေရှည် သွားချင်တဲ့အတွက် ပိုက်ဆံရှာလို့ ရတာကို အကုန်သုံးလိုက်မယ်ဆို ရင် ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ရလာတဲ့ ပိုက်ဆံကို ဘဏ်မှာထားပြီး ရလာတဲ့ အတိုးနဲ့ ကလေးတွေကို ကူညီပေးခဲ့တာဖြစ်ပါတယ်’’ ဟု ပြေတီဦးက ပြောသည်။ 

ပြေတီဦးပညာရေး ဖောင် ဒေးရှင်း၏ (၁၀)နှစ်ပြည့်ပွဲကို စက်တင်ဘာ ၈ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဖြစ် သည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ဖျော်ဖြေပွဲစင်နောက်မှာ ဓာတ်ပုံအတူရိုက်တဲ့ ဆန်းမီနဲ့ ဆယ်လ်ဂီ

Fri Sep 6 , 2019
 ကေပေါ့ပ်အမျိုးသမီးအ ဆိုတော် ဆန်းမီ နှင့် Red Velvet အဖွဲ့ဝင်ဆယ်လ်ဂီသည် Music Bank ဖျော်ဖြေပွဲ၌ ဇာတ်ခုံနောက် တွင် ဆုံစည်းခဲ့သည်။ ယင်းကြယ်ပွင့်နှစ်ဦးသည်  JTBC မှ ထုတ်လွှင့်သော Secret   Sister အစီအစဉ်တွင် သရုပ် ဆောင်ဖက်ဖြစ်ပြီး လတ်တလော ဆန်းမီက Lalalay သီချင်းထွက်ရှိ ထားသည်။ ‘‘ကျွန်မရဲ့ ဆယ်လ်ဂီနဲ့အ တူ’’ ဟု ရေးသားထားသော ဓာတ်ပုံတစ်ပုံကို သြဂုတ် ၃၀ ရက်တွင် ဆန်းမီကအင်စတာ ဂရမ်မှတစ်ဆင့် မျှဝေခဲ့သည်။ Red Velvet အဖွဲ့၏အယ်လ်  ဘမ်သစ် The ReVe Festival: Day 2 ကို ဆန်းမီကလက်ထဲကိုင် […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links