မြေအောက်တိုးချဲ့ရေး စင်ကာပူ စီစဉ်

စင်ကာပူနိုင်ငံ Marina Bay Sands ဟိုတယ်အနီးမှ ဖြတ်သွားနေသည့် ကမ္ဘာလှည့်ခရီးသည်တင် လှေတစီး။ (ဇူလိုင် ၃၊ ၂၀၁၉)

မြေနေရာ လိုအပ်လှတဲ့ စင်ကာပူနိုင်ငံက မိုးမျှော်တိုက်ကြီးတွေ၊ နောက် ပင်လယ်ထဲအထိ အဆောက်အအုံတွေ ဆောက်လုပ် တိုးချဲ့ထားတာကနေ အခု ဖွံ့ဖြိုးရေးလုပ်ဖို့ နေရာသစ် ရှာနေတာမှာတော့ မြေအောက်မှာ တည်ဆောက်ရေးလုပ်ဖို့ စီစဉ်သူတွေက ကြံဆနေကြပါတယ်။

မြေအောက် အဝေးပြေးလမ်းမကြီးနဲ့ လေ၀င်လေထွက်စနစ် ရှိထားတဲ့ စင်ကာပူနိုင်ငံက အခုတော့ မြေအောက်မှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သုံးသပ်နေတာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ထားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ် အကြမ်းမှာတော့ မြေပေါ်မှာ နေရာလွတ်တွေ ရှိနေစေရေးအတွက် မြေအောက်မှာ သိုလှောင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို မြေအောက်မှာထားရှိဖို့ အာဏာပိုင်တို့က လိုလားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်တွေတည်ဆောက်ဖို့ အစီအစဉ်တော့ မပါသေးပါဘူး။

ကနဦးဆောင်ရွက်ဖို့ စမ်းသပ်ဧရိယာသုံးခု သတ်မှတ်ထားပြီး မြေအောက် လမ်းညွှန်မြေပုံထုတ်ဖို့ အတွက်တော့ သုံးဘက်မြင် 3D နည်းပညာကို အသုံးပြုမယ်လို့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ ရေးဆွဲတဲ့ မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့က ဖော်ပြထားပါတယ်။

လူဦးရေနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေလိုမျိုး ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေက မြို့ကြီးတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှောင်ရှားနိုင်ဖို့ စင်ကာပူနိုင်ငံက သူ့ရဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမှုကို ဂရုတစိုက် စီမံခန့်ခွဲနေရတာပါ။

စင်ကာပူရဲ့ လက်ရှိလူဦးရေ ၅ ဒသမ ၆ သန်းကနေ လာမယ့်နှစ်တွေအတွင်း ပုံမှန် တိုးပွားလာမယ်လို့ ခန့်မှန်းထားတာနဲ့ အတူပဲ လမ်းတွေအောက်က မြေဧရိယာကို အကောင်းဆုံး အသုံးချဖို့ အာဏာပိုင်တွေက စဉ်းစားသုံးသပ်နေကြပါတယ်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

Texas ပစ်ခတ်မှု ၇ ဦး သေဆုံး

Fri Sep 6 , 2019
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဆေးနေသည့် တက္ကဆက်ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၁၊ ၂၀၁၉) အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Odessa မြို့မှာ စနေနေ့က လူ ၇ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ တကိုယ်တော် လုပ်ခဲ့ပုံရပြီး နိုင်ငံတကာ ဒါမှမဟုတ် ပြည်တွင်းက အကြမ်းဖက်အုပ်စုတွေနဲ့ ဘာမှ ပတ်သက်ဆက်စပ်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ပြောပါတယ်။ သေနတ်သမားဟာ အသက် ၃၆ နှစ်အရွယ် Saen Ator ဖြစ်ပါတယ်။ သူ့ကို ရဲတွေက အသေပစ်ခတ်ဖမ်းဆီးမှုမတိုင်ခင် Sean Ator ဟာ စာပို့ကားတစီးကို အပိုင်စီးခဲ့ပြီးနောက် […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links