မြမြအဖြစ် မြင်ရမယ့် သင်ဇာဝင့်ကျော်

‘မြမြ’ရုပ်ရှင်တွင် အဓိ ကသရုပ်ဆောင်အဖြစ် သင်ဇာ ၀င့်ကျော်ကို ရွေးချယ်ထား ကြောင်း ဒါရိုက်တာညိုမင်းလွင် က ပြောသည်။

‘‘သင်ဇာဝင့်ကျော်နဲ့ လူများ ကို ခြောက်လှန့်ရန် တစ္ဆေတစ် ကောင်အလိုရှိသည်ဇာတ်ကား ရိုက်ဖူးတယ်။ အခုညကျောင်းရုပ် ရှင်ထုတ်လုပ်ရေးကနေ သရဲကား ရိုက်မယ်ဆိုတော့လည်း သူ့ကိုပဲ မျက်လုံးထဲမှာ တန်းမြင်လို့ကမ်း လှမ်းခဲ့တာပါ’’ ဟု သင်ဇာဝင့် ကျော်ကို   ရွေးချယ်ဖြစ်သည့် အကြောင်း ပြောသည်။

ထို့ကြောင့် မြမြအဖြစ် သရုပ်ဆောင်ရန် သင်ဇာဝင့်ကျော် ကို ကမ်းလှမ်းရာ လက်ခံကြောင်း နှင့် မြမြနေရာ၌ သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်မည့် အ ကြောင်းစက်တင်ဘာ ၁ ရက်တွင် လူမှုကွန်ရက်မှ အသိပေးသည်။

‘‘အောက်တိုဘာပထမပတ် မှာ စတင်ရိုက်ကူးမှာပါ။ မုဒိမ်း ကျင့်တဲ့ဇာတ်ဝင်ခန်းရိုက်မှာဆို တော့ ပန်းအိုးလေးကွဲတာ လောက်တော့ ရိုက်ပြလို့မရဘူး။ ပြသင့်သလောက်တော့ ပြရမှာ ပေါ့။ သူ့(သင်ဇာဝင့်ကျော်)ကို လည်း အားလုံးပြောပြထားပါ တယ်။ သူကလည်း လက်ခံပါ တယ်’’ ဟု ညိုမင်းလွင်က ပြော ကြားသည်။ ယင်းဇာတ်ကား မုဒိမ်းကျင့်သည့်နေရာတွင် သရုပ်ဆောင်မည့်သုံးဦးကို အွန်လိုင်းမှ ခေါ်ယူ ခဲ့ရာ လျှောက်ထားသူ ၁၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ဆန်ခါ တင်သရုပ်ဆောင် ၃၀ ကို ရွေး ချယ်ထားသည်။

‘‘မုဒိမ်းသမားနေရာမှာ သ ရုပ်ဆောင်မယ့်သုံးဦးကို စက်တင် ဘာ ၈ ရက်ကန်တော်ကြီးမျှော်စင် ကျွန်းမှာ ရွေးချယ်သွားမယ်’’ ဟု ညိုမင်းလွင်က ပြောသည်။

မုဒိမ်းသမားနေရာတွင် လက်ရှိရုပ်ရှင်လောကမှ လူများ ကို ရွေးချယ်ပါက ဆင်ဆာရ၊ မရ စဉ်းစား၍ သရုပ်ဆောင်မှုများရှိ နိုင်၍ လူသစ်ရွေးချယ်ရိုက်ကူးရ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလက အမျိုးသမီးတစ်ဦးကို မြမြဆိုသူက ၀င်ပူး၍ ၎င်းကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ပြောကြားမှု ဖြစ်ခဲ့ပြီး ယင်းကိစ္စအပေါ် အခြေ ခံ၍ ဇာတ်လမ်းတည်ဆောက် ရိုက်ကူးရန် ဒါရိုက်တာညိုမင်း လွင်က စီစဉ်ခြင်းဖြစ်သည်။

မြမြ၏ ၀ိညာဉ်ဝင်ပူးသည့် အမျိုးသမီးအဖြစ် မန္တလေးမြို့မှ အငြိမ့်မင်းသမီးဝင်းသပြေထွန်း က သရုပ်ဆောင်မည်ဟု ယင်းရုပ် ရှင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဩဂုတ် ၃၀ ရက်တွင် ကြေညာ ထားသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

အသံသွင်းရင်းမူးယစ်ဆေးသုံးခဲ့တယ်လို့ ၀န်ခံပြောကြားတဲ့ ဟယ်ရီစတိုင်

Fri Sep 6 , 2019
လာမည့်အယ်လ်ဘမ်  သစ်အတွက် အသံသွင်းစဉ် Magic mushrooms ဟုခေါ် သောမူးယစ်ဆေးဝါးတစ်မျိုးကို သုံးစွဲခဲ့သည်ဟု ဗြိတိန်အဆိုကျော်  ဟယ်ရီစတိုင်က ၀န်ခံပြောကြား သည်။ ယင်းဆေးသည် အမျိုးအ စားအဆင့် (၁) မူးယစ်ဆေးတစ် မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ၂၀၀၅ ကတည်းက ပိတ်ပင်ထားသည်။ ယင်းမူးယစ်ဆေးဝါးကို ကယ်လီဖိုးနီးယားပြည်နယ် မာလီ  ဘူးကမ်းခြေရှိ နာမည်ကြီးရှန်ဂရီ လာအသံသွင်းခန်းမတွင် သုံးစွဲခဲ့ သည်ဟု One Direction အဖွဲ့ဝင် ဟောင်းဟယ်ရီစတိုင်က Rolling Stone မဂ္ဂဇင်းအားပြောသည်။ ‘‘ကျွန်တော်တို့ Magic mushrooms တွေသုံးခဲ့တယ်။ မြက်ခင်းပြင်ပေါ်လှဲချပြီးပေါလ်  မက္ကနေးရဲ့သီချင်းတစ်ပုဒ်ကို နား ထောင်ခဲ့တယ်’’ ဟု ဟယ်ရီစတိုင် ကပြောသည်။  ယင်းမူးယစ်ဆေးသုံးခွဲသောကြောင့် လျှာကိုက်မိ၍ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links