ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ပွဲဟု လူထုကထင်မြင်လာကြောင်း နိုင်ငံရေးပါတီတာဝန်ရှိသူများပြော

ငြိမ်းချမ်းရေးဆွေးနွေး မှုများဆောင်ရွက်နေစဉ် တိုက်ပွဲ များဖြစ်ပွားပြီး လူထု ထိခိုက်နစ် နာမှု ပိုမိုကြုံတွေ့နေရ၍ ဆွေး နွေးပွဲများအပေါ် သံသယရှိနေ ကြောင်းနှင့် ဆွေးနွေးပွဲများသည် စစ်မှန်မှုမရှိဘဲ လုပ်ပွဲဟု ပြည်သူ လူထုက ယူဆလာနေကြောင်း ရှမ်းနှင့် တအာင်းပါတီတို့မှတာဝန် ရှိသူများက ပြောသည်။


တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက် ပွဲများကြောင့် ပြည်သူလူထုများ  ယခုထက် ပိုမိုနစ်နာမှုမဖြစ်လာ စေရေး ငဲ့ညှာပေးရန်နှင့် စစ်မှန် သည့် အပစ်အခတ်ရပ်စဲရေးဖြစ် ပေါ်လာရေး ဆောင်ရွက်ပေးရန် တအာင်း(ပလောင်) အမျိုးသား ပါတီဗဟိုကော်မတီဝင်တာလှဖေ ကမေတ္တာရပ်ခံတောင်းဆိုသည်။

စစ်ရေးပဋိပက္ခကြောင့်ပြည် သူများ သေဆုံးဒဏ်ရာရရှိခြင်း အပါအ၀င် ထိခိုက်နစ်နာမှု မကြာခဏဖြစ်ပေါ်နေကြောင်း၊ ထိပ်ပိုင်းကငြိမ်းချမ်းရေး ဆွေးနွေး နေစဉ် အောက်လက်ငယ်သား များ၊ တိုင်းသူပြည်သားများ သေ ဆုံးနေရခြင်းကိစ္စအပေါ် သံသယ ရှိကြောင်း ၎င်းက ဆိုသည်။

‘‘ရက်ပိုင်းအတွင်းမှာ ဖြစ် သွားတဲ့အဖြစ်အပျက်မှာ ကြားက ပြည်သူလူထုတွေ ဘယ်လောက် ထိခိုက်နစ်နာပြီလဲ။ နောက်ထပ် ဆက်ပြီး အဲဒီအတိုင်းဆက်သွား မယ်ဆိုရင် ဒီထက်မကတဲ့ နစ်နာ မှုတွေဖြစ်လာမှာ။ အဲဒီနစ်နာမှု တွေ မဖြစ်လာအောင် နည်းနည်း လေးငဲ့ညှာပေးကြပါ’’ ဟု တာလှ ဖေက ပြောသည်။

သြဂုတ် ၃၁ ရက်တွင် ကွတ်ခိုင်မြို့၌ လက်နက်ကြီးကျ၍ သေဆုံးသူများ၏နာရေး ကျင်းပနေစဉ်(ဓာတ်ပုံ − Shar Htat Paing)

ရှမ်းမြောက်ရှိ ပလောင် (တအာင်း)လူငယ်များသည် သံ သယဖြင့် စစ်ဆေးခံရမှုများမကြာ ခဏကြုံတွေ့နေရပြီး စစ်၏ ဆိုး ကျိုးကို ယခင်ထက်ပိုမိုခံစားနေရ ကြောင်း ၎င်းကပြောသည်။

‘‘ပလောင်ကလေးဆိုတာနဲ့ တင် သံသယမျက်လုံးနဲ့ ကြည့်ခံရ ပြီ။ အဲဒီမှာ စစ်လား၊ ကြောလား မေးလား မြန်းလား၊ ရိုက်မောင်း၊ ပုတ်မောင်းတွေ ကြုံနေရပြီ။ ဒီ ထက်မကဘူး၊ ထပ်ပြီး ဆိုးလာ တယ်ဆို ကျွန်တော်ထင်တယ်။ အဲဒီထက် ဆိုးရွားတဲ့ ခါးသီးမှုတွေ ကြုံရမယ်ဆို  အဲဒီလို မဖြစ်စေချင် ဘူး’’ ဟု တာလှဖေက ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD) ပါတီပြော ရေးဆိုခွင့်ရှိသူ  ဦးစိုင်းလိတ်က လည်း အပစ်အခတ်ရပ်စဲခြင်းများ ဆောင်ရွက်ထားသော်လည်း ထိ ရောက်သည့် ဆွေးနွေးပွဲများ ဖြစ် မလာခြင်း၊ စစ်ရေးပဋိပက္ခကာလ အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထက် ပြည်သူလူထုများသာ ပိုမို ထိခိုက်နေရခြင်းကြောင့် စစ်မှန် သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု လူထုက မရှုမြင်တော့ဘဲလုပ်ပွဲ ဟု သံသယရှိနေကြောင်း မှတ် ချက်ပြုသည်။

‘‘ထိရောက်တဲ့ ဆွေးနွေးမှု တွေလည်းမလုပ်ဘူး။ တစ်ဖက်က တောင်းဆိုရင်တစ်ဖက်က လက် မခံနိုင်ဘူး။ နောက်တစ်ဖက်က ပြန်ပြီး အဆိုပြုရင် တစ်ဖက်ကပြန် ပြီးဈေးဆစ်တယ်။ ဒါဟာ လူထု ကို သက်သက်ညှဉ်းဆဲနေတဲ့ပုံစံ မျိုးပေါ်ပေါက်နေတာပေါ့။အဲဒီလို လူထုကို ညှဉ်းဆဲနေတာမဟုတ် ဘူး၊ လုပ်ပွဲကြီး မဟုတ်ဘူးဆိုတာ ကို သေချာသွားစေချင်တယ်ဆို ရင် ထိရောက်ပြီးတော့ လူထုတွေ ကြားသိနိုင်တဲ့ ဆွေးနွေးပွဲမျိုး၊ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲမျိုးကြိုး ပမ်းကြပါ’’ ဟု ဦးစိုင်းလိတ်က ပြောသည်။

ပြည်သူလူထုအနေဖြင့် ထိ ခိုက်နစ်နာမှုများစွာ ကြုံတွေ့နေရ ၍ တိုက်ပွဲများအပေါ် စိတ်ကုန်နေ ပြီဖြစ်ကြောင်း၎င်းကဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ရှိခဲ့သော်လည်း ပြည်သူများ၏အသက်များစတေး နေရဆဲဖြစ်သည်ဟု ကချင်ပြည် နယ် မြစ်ကြီးနားမြို့ခံ မဆွတ်ဆိုင်း ထွယ်က ပြောသည်။

‘‘တိုင်းရင်းသားလက်နက် ကိုင်တွေပဲဖြစ်ဖြစ်၊ အစိုးရ၊တပ်မ တော် လက်နက်ကိုင်အဖွဲ့ပဲဖြစ် ဖြစ် အဓိကက ပြည်သူတွေကို ထိ ပါးလာပြီဆိုရင် တကယ့်တကယ် ငြိမ်းချမ်းရေးဖြစ်စဉ်မဟုတ်တော့ ဘူး။ ပြီးလို့ရှိရင်သူတို့  အခုဆွေး နွေးနေတဲ့ လူတွေက တကယ်ငြိမ်း ချမ်းရေးကို လိုချင်တဲ့သူတွေလား ပေါ့နော်။ အများကြီး စဉ်းစားရ တယ်’’ ဟု မဆွတ်ဆိုင်းထွယ်က ပြောသည်။

လက်ရှိ ဆောင်ရွက်နေသည့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအ ပေါ် မျှော်လင့်ချက်မထားတော့ ကြောင်း၊ အဘယ်ကြောင့်ဆို သော် ဆွေးနွေးပွဲတွင် ပါဝင်ပတ် သက်သည့် အဖွဲ့အစည်းအသီး သီးသည် ငြိမ်းချမ်းရေးဆွေးနွေးရာ တွင် အပေးအယူလုပ်ဆောင်မည် ဆိုသည့်စိတ်မျိုး ပြင်ဆင်လာခြင်း မရှိဘဲ တင်းမာသည့် မိမိသဘော ထားများသာ  ဖော်ပြနေသည်ကို တွေ့ရ၍ဖြစ်ကြောင်း ၎င်းကဆို သည်။

တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအ ကြား စစ်ရေးပဋိပက္ခများနှင့်ဆက် စပ်ပြီး   အရပ်သားသေဆုံးဒဏ် ရာရမှု ဖြစ်စဉ်အများအပြားရှိခဲ့ သည်။  သြဂုတ်နောက်ဆုံးပတ်က ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကျည် ကျ၍ ကလေးငယ်နှစ်ဦးအပါအ၀င် အ ရပ်သားငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်စဉ်၊  ရခိုင် ပြည်နယ် မင်းပြားတွင်   လက်နက် ကြီးကျည်ကျ၍ ကလေးငယ်သုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။ ကား များမီးရှို့ခံရခြင်း၊ တံတားများမိုင်းခွဲတိုက်ခိုက်ခံရခြင်းစသည့် အ ရပ်ဘက်ပစ်မှတ်များလည်း တိုက် ခိုက်ခံခဲ့ရသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

တိုက်ပွဲရပ်တန့်နိုင်ရေး ဦးတည်ဆွေးနွေးရန် တပ်မတော်နှင့် AA ကို ရခိုင်ပါတီနှင့် လွှတ်တော်အမတ်တောင်းဆို

Fri Sep 6 , 2019
ရခိုင်ဒေသ၌ ဖြစ်ပွားနေ သည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခ များ လျှော့ချရပ်တန့်နိုင်ရေး ဦး တည်ဆွေးနွေးရန် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကို ရခိုင်အမျိုးသားပါတီ(ANP) တာဝန်ရှိသူနှင့် လွှတ်တော်ကိုယ် စားလှယ်များက တောင်းဆို သည်။ AA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရ  ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံ မြို့၌ တွေ့ဆုံဆွေးနွေးရန်သဘော တူညီခြင်းနှင့်ပတ်သက်ပြီး အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ‘‘အခုဆိုရင် အန်တီတို့ ရခိုင် ဘက်မှာ တိုက်ပွဲတွေ တော်တော် ဖြစ်တဲ့အတွက် အဓိက မြေစာပင် ဖြစ်တဲ့ ပြည်သူတွေပဲ ဒုက္ခဖြစ်နေ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links