ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် သဇင်ထူးမြင့်

ဒါရိုက်တာစွမ်းပိုင်ရိုက် ကူးမည့် ဆုံစည်းခွင့်ရုပ်သံဇာတ် လမ်းတွဲတွင် ပထမဆုံးပါဝင် သရုပ်ဆောင်ရန်ရှိကြောင်း သရုပ် ဆောင်ခင်လှိုင်၏ သမီးသဇင်ထူး မြင့်ကပြောသည်။

‘‘ဒီထဲမှာ မအိချောပိုရဲ့ညီမ အငယ်ဆုံးနေရာက ပါဝင်သရုပ် ဆောင်ရမယ်။ ကိုယ်ကအူကြောင်  ကြောင် လူငယ်ပုံစံပါပဲ။ အစ်မရဲ့ ထိန်းချုပ်မှုအောက်မှာ နေရတဲ့ ကာရိုက်တာလေးပေါ့။ ရိုက်ဖူး တာက သီချင်းနဲ့ကြော်ငြာတွေ၊ နောက် Short Film လေးတွေရိုက် ဖူးတာဆိုတော့ ရုပ်ရှင်အနေနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ အခုက ပထမဆုံးဆိုတော့ အရမ်းလည်း စိတ်လှုပ်ရှားတယ်’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတွဲတွင်ပါ ၀င်သည့် ၎င်း၏ဇာတ်ရုပ်သည် မိမိ၏ကိုယ်ပိုင်ကာရိုက်တာနှင့် နီးစပ်သည်ဟုဆိုသည်။

‘‘အပြင်မှာလည်း ဖေဖေတို့ ထိန်းချုပ်မှုအောက်မှာပဲ နေ တယ်။ တစ်ယောက်တည်းဆိုရင် ဘာမှသိပ်မလုပ်တတ်ဘူး။ အပြင် တွေဘာတွေသွားရင်အိမ်ကတစ် ယောက်ယောက်မပါရင် မသွား တတ်ဘူး။ ကြောင်တောင်တောင် လေးဖြစ်နေတယ်။ တစ်ယောက် မဟုတ်တစ်ယောက်အနားမှာပါမှ  သွားတတ်၊ လာတတ်၊ နေတတ် တယ်ပေါ့။ အရင်ကမေမေ လိုက်တယ်။ အခုက အဒေါ်လည်း  လိုက်တယ်။ အစ်မတစ်ယောက် လည်းလိုက်ပေးတယ်။ မိတ်ကပ် ဆရာလည်းလိုက်ပေးတယ်။အုပ် စုလိုက်ပေါ့’’ ဟု သဇင်ထူးမြင့်က ပြောသည်။

ယင်းဇာတ်လမ်းတွဲကို စာ မေးပွဲဖြေဆိုပြီးချိန်တွင် စတင် ရိုက်ကူးမည်ဖြစ်၍ ဇာတ်ကားရိုက် ကူးရေးလိုအပ်သည်များကို စာ မေးပွဲမဖြေမီ ကြိုတင်ပြင်ဆင် ထားရမည်ဟု ဆိုသည်။

လူကြောက်တတ်သဖြင့် အိမ်တွင်အနေများသကဲ့သို့ ရွှေ ကြိုတွင် ပါဝင်ဖြစ်ရာကစတင်၍   အနုပညာလောကသို့ ရောက်ရှိ   လာခြင်းဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

‘‘ရွှေကြိုမှာပါပြီးနောက်ပိုင်း ဒီလောကထဲကို ရောက်မှန်းမသိ  ရောက်လာခဲ့တယ်ပေါ့။ မဂ္ဂဇင်း တွေရိုက်တယ်။ တခြားဟာလေး တွေလည်းရိုက်ဖြစ်တယ်။ အဲဒီက နေ၀ါသနာပါ လာတာပေါ့။ ဖေ ဖေ့သားသမီးတွေအကုန်လုံးက အနုပညာနဲ့ပတ်သက်တာတွေပဲ  လုပ်နေကြတော့ နဂိုကတည်းက ၀ါသနာအရင်းခံလေးရှိနေတယ် ထင်ပါတယ်’’ ဟု သဇင်ထူးမြင့် ကပြောသည်။

ဝါရင့်သရုပ်ဆောင်များနှင့်  တွဲဖက်လုပ်ကိုင်ရသည့်အခါတွင် ၎င်းကြောင့် အနှောင့်အယှက်ဖြစ် မည်စိုးရိမ်၍ ပိုအားထည့်ကာ ကြိုးစားလုပ်ဆောင်ရသဖြင့် စိတ် ပင်ပန်းသည်ဟုဆိုသည်။

‘‘ကြော်ငြာတွေရိုက်တုန်းက လည်းဝါရင့်တွေနဲ့ တွဲသရုပ် ဆောင်တဲ့အခါ ကိုယ့်ကြောင့်အ နှောင့်အယှက်ဖြစ်မှာစိုးလို့ စိတ် ကိုအရမ်းထည့်ထားတော့ ကြော် ငြာတစ်ခုပြီးသွားရင် စိတ်ကိုအ ရမ်း လျှော့ချလိုက်ရတယ်’’ ဟု ၎င်းကပြောသည်။

myanmarnews

Leave a Reply

Your email address will not be published. Required fields are marked *

Next Post

ပြေတီဦးဖောင်ဒေးရှင်းက ပညာရေးတက္ကသိုလ်ကျောင်းသားများကို ထောက်ပံ့မည်

Fri Sep 6 , 2019
 ပြေတီဦးဖောင်ဒေးရှင်း က ဆေးကျောင်းသား၊ နည်းပညာတက္ကသိုလ်ကျောင်းသားနှင့် ဥပဒေကျောင်းသားများအပြင် ပညာ ရေးတက္ကသိုလ်ကျောင်းသားများ ကိုပါ တိုးချဲ့ ထောက်ပံ့ရန် စဉ်းစားထားကြောင်း  သရုပ်ဆောင် ပြေတီဦးက ပြောသည်။  ‘‘ကျွန်တော်ရန်ပုံငွေ ထပ်ရှာဖို့ အစီအစဉ်ရှိပါတယ်။ ရန်ပုံ ငွေတွေများ ထပ်ပြီး ရှာဖွေလို့ ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်ပညာရေး တက္ကသိုလ်ကျောင်းသားကို ဆက်ပြီးနိုင်သလောက်လေး တာဝန်ယူ ချင်ပါတယ်။ အခုကတော့ ဆရာဝန်ရှိတယ်၊ အင်ဂျင်နီယာရှိတယ်၊ ဥပဒေ   ကျောင်းသားရှိတယ်၊ နောက်ပြီးတော့ စီးပွားရေးတက္က သိုလ်ရှိတယ်။ စီးပွားရေးတက္က သိုလ်ကတော့ နှစ်စဉ်နှစ်တိုင်း ခေါ်တာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ပါဆင်နယ်အရ ကျွန်တော်ကိုယ် တိုင်တာဝန်ယူပြီး ကျောင်းထား ပေးတဲ့ ကျောင်းသားနှစ်ယောက်၊ သုံးယောက်ရှိတယ်။ ပင်တိုင်က ပညာရေးဖောင်ဒေးရှင်းက ခေါ်တာက […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links