ဇာတ်ကားရိုက်ကူးရေး ကမ်းလှမ်းမှုများလာသဖြင့် သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ထိုင်း နိုင်ငံတွင် သင်တန်းတက်ခဲ့ကြောင်း နေခြည်ဦးက ပြောသည်။ ‘‘နေခြည်က သရုပ်ဆောင် အတွေ့အကြုံတွေလည်းမရှိဘူး။ ပရိသတ်ရှိတဲ့သူ တစ်ယောက်အ နေနဲ့သာ ပရိုဂျူဆာတွေက ခေါ် ရိုက်တာဖြစ်တဲ့အတွက် အရှေ့ ကားတွေမှာ ဘာပဲပြောပြော ပရိ သတ်က ကိုယ့်ကိုချစ်လို့ကြည့်တာ ဆိုတော့ နောက်ပိုင်းတွေမှာ လည်း ကိုယ့်ကို ဒီလိုငှားလာတဲ့အ ချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှု သိပ်မရှိတော့ဘူး’’ ဟု သရုပ် ဆောင်ပိုင်းနှင့်ပတ်သက်၍ ခံစား မှုကို ပြောသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ် သည့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ထိုင်းနိုင်ငံတွင် Method Acting သင်တန်းတက်ရောက်ရန် စီစဉ် သောကြောင့် […]

ဆရာမောင်ဝဏ္ဏ၏ ‘ချစ်ခင်စမှော်ရုံမှာလေ’ ၀တ္ထုကို ၂၀၂၀ မတ်လတွင် စတင်ရိုက်ကူး မည်ဟု ဒါရိုက်တာဏကြီးက ပြောသည်။ ‘‘တော်ဝင်မင်းသား ထုတ်လုပ်ရေးနဲ့ပါ။ အဲဒါကို ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းခွဲနေတယ်။ မင်းသား၊ မင်းသမီးတွေက သုသု ရယ်၊ ဒေါင်းရယ်၊ မမိုးဟေကိုရယ်၊ ကိုကျော်ထက်အောင်ရယ်ပေါ့’’ ဟု ၎င်းကပြောသည်။ ၂၀၁၉ သည် ဇာတ်ညွှန်းရေး ခြင်းနှင့် ပရောဂျက်စီစဉ်သည့် နှစ်ဖြစ်ပြီး ဒုတိယပရောဂျက်သည် ၎င်းကိုယ်တိုင်ရေးထားသည့် ဇာတ်လမ်းကို ရိုက်ကူးမည်ဖြစ်ပြီး သေချာလျှင် အားလုံးကို အသိပေးမည်ဟု ဒါရိုက်တာဏကြီးက ပြောသည်။ ‘‘ဒုတိယပရောဂျက်က ‘နွေ တစ်ည’မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းပေါ့။ ကျွန်တော်မပြောချင်သေး ဘူး။ သေချာရင် ဇာတ်လမ်းနာမည်ရော၊ မင်းသား၊ မင်းသမီးရော ပြောမှာပါ။ […]

အမျိုးသားများနှင့်  များမကြာမီက ကိုယ်စီလမ်းခွဲခဲ့ သော အဆိုတော်မိုင်လေဆိုင်း ရပ်စ်နှင့် Lifestyle  ဘလော့ဂါ ကိတ်တလင်းကာတာတို့အမျိုး သမီးချင်း  ချစ်ကြိုက်နေကြောင်း  သတင်းရင်းမြစ်များက ပြော သည်။ ၎င်းတို့နှစ်ဦးစလုံးသည် သြ ဂုတ်က၎င်းတို့၏ အမျိုးသားများ  နှင့် ကိုယ်စီလမ်းခွဲခဲ့သည်။ မိုင် လေက သြစတြေးလျမင်းသား လီယံဟမ်းစ်ဝါ့သ်နှင့် လမ်းခွဲပြီး ကိတ်တလင်းမှာ ဘရော့ဒီဂျန်နာ နှင့် လမ်းခွဲကာ နှစ်ဦးသားစိတ်တူ ကိုယ်တူလက်တွဲနေကြောင်း သ တင်းရင်းမြစ်များကပြောသည်။ မိုင်လေ (၂၆) နှစ်နှင့် ကိတ်  တလင်း (၃၆) နှစ်တို့ကို သြဂုတ် ၁၀ ရက်ကအီတလီနိုင်ငံတွင် လှေတစ်စီးပေါ်၌ ပထမဆုံးတွေ့ ပြီးနောက် ၎င်းတို့နှစ်ဦးချစ်ကြိုက် နေသည်ဆိုသော သတင်းများစ ထွက်လာခဲ့သည်။ […]

 ပထမဆုံး ရုပ်သံဇာတ် လမ်းတွဲအဖြစ် ဆုံစည်းခွင့်ဇာတ် လမ်းတွဲရိုက်ကူးရန် လက်ခံထား ကြောင်း သရုပ်ဆောင် အိချောပို က ပြောသည်။ ‘‘Channel 9 ကနေပြမယ်။ ဒီကားမှာ အိချောက ခပ်လည်လည် ကောင်မလေးပေါ့။ ပျော်ပျော်ပါးပါးနဲ့ ရိုက်ရမယ့်ပုံစံမျိုး လေးပေါ့။ ဟာသလေးတွေလည်း ပါတယ်။ လူနေမှုစရိုက်ပုံစံမျိုး လေးတွေလည်း ပါတယ်။ ရသက အစုံပါပဲ’’ ဟု ၎င်းက ပြောသည်။ ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးမည် ဖြစ်ပြီး ခန့်စည်သူ၊ ထက်ယံ၊  အေးချမ်းမောင်၊ ဇေယံ၊ ဇွန်သံစဉ်၊  ချစ်စနိုးစုနှင့် သဇင်ထူးမြင့်အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။   ‘‘အိချောမှာက ညီမလေးတွေ ရှိတယ်။ အားလုံးထဲမှာမှ […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links