ဟာရီကိန်း မုန်တိုင်း Dorian က Grand Bahama ကျွန်းကို အင်္ဂါနေ့မှာ အကြီးအကျယ် မွှေနှောက် တိုက်ခတ် ဖျက်စီးခဲ့ပြီး အမေရိကန်ရဲ့ တောင်ပိုင်း ပြည်နယ် ဖလော်ရီဒါကို စတင်ချဉ်းကပ်လာ နေပါတယ်။ အပန်းဖြေ ခရီးသွားတွေကြား ကျော်ကြားတဲ့ ဘဟားမား နိုင်ငံမှာ အန္တရာယ် အကြီးဆုံး အဖြစ် သတ်မှတ်ထားတဲ့ ပြင်းအား အဆင့် ၅ ဟာရီကိန်း မုန်တိုင်း အဖြစ်နဲ့ ပထမဆုံး ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တနာရီကို လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ နှုန်း ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Dorian က အခုတော့ ပြင်းအား အဆင့် ၂ မုန်တိုင်း […]
International
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဆေးနေသည့် တက္ကဆက်ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၁၊ ၂၀၁၉) အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Odessa မြို့မှာ စနေနေ့က လူ ၇ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ တကိုယ်တော် လုပ်ခဲ့ပုံရပြီး နိုင်ငံတကာ ဒါမှမဟုတ် ပြည်တွင်းက အကြမ်းဖက်အုပ်စုတွေနဲ့ ဘာမှ ပတ်သက်ဆက်စပ်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ပြောပါတယ်။ သေနတ်သမားဟာ အသက် ၃၆ နှစ်အရွယ် Saen Ator ဖြစ်ပါတယ်။ သူ့ကို ရဲတွေက အသေပစ်ခတ်ဖမ်းဆီးမှုမတိုင်ခင် Sean Ator ဟာ စာပို့ကားတစီးကို အပိုင်စီးခဲ့ပြီးနောက် […]
စင်ကာပူနိုင်ငံ Marina Bay Sands ဟိုတယ်အနီးမှ ဖြတ်သွားနေသည့် ကမ္ဘာလှည့်ခရီးသည်တင် လှေတစီး။ (ဇူလိုင် ၃၊ ၂၀၁၉) မြေနေရာ လိုအပ်လှတဲ့ စင်ကာပူနိုင်ငံက မိုးမျှော်တိုက်ကြီးတွေ၊ နောက် ပင်လယ်ထဲအထိ အဆောက်အအုံတွေ ဆောက်လုပ် တိုးချဲ့ထားတာကနေ အခု ဖွံ့ဖြိုးရေးလုပ်ဖို့ နေရာသစ် ရှာနေတာမှာတော့ မြေအောက်မှာ တည်ဆောက်ရေးလုပ်ဖို့ စီစဉ်သူတွေက ကြံဆနေကြပါတယ်။ မြေအောက် အဝေးပြေးလမ်းမကြီးနဲ့ လေ၀င်လေထွက်စနစ် ရှိထားတဲ့ စင်ကာပူနိုင်ငံက အခုတော့ မြေအောက်မှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ သုံးသပ်နေတာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ထားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ် အကြမ်းမှာတော့ မြေပေါ်မှာ နေရာလွတ်တွေ ရှိနေစေရေးအတွက် မြေအောက်မှာ သိုလှောင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး […]
ဟောင်ကောင်ဆန္ဒပြသူများအား မျက်ရည်ဗုံးများဖြင့် ပစ်ခတ်နေသည့် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၉) ဟောင်ကောင်မှာ စနေနေ့က ၁၃ ပတ်မြောက် အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ဆက်ပြီး ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။ လွှတ်တော်အဆောက်အဦရှေ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ခဲ့သလို ဘယ်သူတွေ ဆန္ဒပြသလဲဆိုတာ သိသာအောင် အပြာရောင်ဆိုးထားတဲ့ ရေတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ပက်ဖျန်းခဲ့ပါတယ်။ အမည်းရောင်တွေ ဖုံးအုပ်ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဘက်ကလည်း ထီးတွေကိုဖွင့် အကာအကွယ်ယူပြီး ရဲတွေဘက်ကို မီးလောင်ဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပြီး ပစ်ပေါက်ခဲ့ကြပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ ဌာနချုပ်အနီးက အဓိကလမ်းမကြီးပေါ်မှာရှိနေတဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးကို ဆန္ဒပြသူတွေက အကြီးအကျယ် မီးရှို့ခဲ့ပြီးနောက် မည်းမှောင်နေတဲ့ မီးခိုလုံးကြီးတွေ […]
အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်ရှိ အားကစားရုံတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းတွင် သြဂုတ် ၃၀ ရက် ညနေပိုင်းက ဘောလုံးပွဲ ကျင်းပခဲ့ရာ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား လူ ၁၀ ဦးထက်မနည်း သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပစ်ခတ်မှုမှာ မိုဘိုင်းမြို့ရှိ အားကစားရုံတစ်ခုတွင် အထက်တန်းကျောင်းသား ဘောလုံးအသင်း နှစ်သင်း ဘောလုံးပွဲစဉ်ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၀ ဦးအား ဒေသခံဆေးရုံသို့ […]
အိန္ဒိယနိုင်ငံဘက်ခြမ်း အာသံပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းမှာ လူ ၄ သန်းကျော်လောက် နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးဖွယ် ရှိနေပြီး သူတို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူတွေကို ဖော်ထုတ်ဖို့ အိန္ဒိယ အစိုးရရဲ့ တွန်းအားပေး ဆောင်ရွက်မှု တစ်ခုအဖြစ် မနှစ်က ရေးဆွဲ အတည်ပြုခဲ့တဲ့ နိုင်ငံသား အသိအမှတ်ပြုစာရင်း မူကြမ်းတစ်ခုထဲမှာ အဲဒီလူတွေကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။ အခု သြဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး အပြီးသတ် စာရင်း ထုတ်ပြန်ဖို့ ရှိတာမို့ ဒီစာရင်းကို အဲဒီက လူတွေက စိုးရိမ်တကြီး စောင့်နေကြတာပါ။ အိန္ဒိယအစိုးရအနေနဲ့ အချေအတင် အငြင်းပွားစရာ ဒီလို […]
ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေ လက်ထပ်ဖို့ လျှောက်လွှာ ဖြည့်သွင်းရာမှာ အပျိုစင် ဖြစ်ကြောင်း ထည့်သွင်း ကြေညာစရာ မလိုတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အမြင့်ဆုံး တရားရုံးက ပြဋ္ဌာန်းလိုက်ပါတယ်။ အပျိုစင်ဆိုတဲ့ စကားလုံးအစား အိမ်ထောင်မရှိသူဆိုတဲ့ စကားလုံးနဲ့ အစားထိုး ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ နောက်ထပ် ဖြည့်သွင်း နိုင်တဲ့ အိမ်ထောင်ဘက် ကွယ်လွန် နဲ့ ကွာရှင်းထားသူဆိုတဲ့ စကားလုံးတွေကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။ အခုဆုံးဖြတ်ချက်ကို တရားရုံးက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုလို ကြေညာလိုက်တာကို အမျိုးသမီး အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။ အပျိုစင်ဖြစ်ကြောင်း ကြေညာခိုင်းတာဟာ အမျိုးသမီးတွေကို နှိမ်ထားတာ ဆိုပြီး အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့အဖွဲ့တွေက […]
ဘရာဇီးနိုင်ငံမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေဇုံသစ်တော ဆက်လက်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း နိုင်ငံတကာ သစ်တောထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။ အမေဇုံသစ်တောမှာ မီးလောင်ကျွမ်းမှုဟာ အထူးအရေးပေါ် အခြေအနေ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်တော ထိန်းသိမ်းရေး အဖွဲ့ (ITTO) အမှုဆောင် ဒါရိုက်တာ Gerhard Dieterle က ဒီကနေ့ပဲ သတိပေးလိုက်တာပါ။ စစ်လေယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ မီးငြိမ်းသတ်ဖို့ ကြိုးပမ်းနေပေမဲ့ မီးလောင်မှုပေါင်း ၈၂,၀၀၀ ကျော်အထိ ရှိနေတာကြောင့် အမေဇုံသစ်တော တည်ရှိမှုအတွက် စိုးရိမ်ရတဲ့ အဆင့်ကိုရောက်လာနေကြောင်း AFP သတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တောမီးငြိမ်းသတ်ရေးအတွက် ကမ္ဘာ့အင်အားကြီး […]
လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာတို့ အမာခံနယ်မြေထဲ အစ္စရေး Drone ယာဉ် နှစ်စင်း ပျက်ကျလာခဲ့တယ်လို့ ဟစ်ဇ်ဘိုလာဘက်က ပြောလိုက်ပါတယ်။ ဟစ်ဇ်ဘိုလာတို့ရဲ့ မီဒီယာရုံးရှိတဲ့ အဆောက်အဦပေါ်က ကနဦး တစင်းပျက်ကျလာတာဖြစ်ပြီး နောက်ထပ် ၄၅ မိနစ်လောက်မှာ အဲဒီ Drones ကို လာရှာပုံရတဲ့ နောက်ထပ်တစင်းလည်း ပျက်ကျလာတယ်လို့ ဟစ်ဇ်ဘိုလာတို့က ပြောပါတယ်။ သူတို့ကို ပစ်ချလို့ ပျက်ကျလာတာမဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာ ပြောခွင့်ရသူ Mohammed Afif က အေပီသတင်းဌာနကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။ အခုလို အစ္စရေး Drones နှစ်စင်း ပျက်ကျလာတဲ့အပေါ်မှာ လက်ဘနွန်ဝန်ကြီးချုပ် Saad Hariri ကတော့ […]