မြန်မာအစိုးရသည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ဒေသတွင် ငြိမ်းချမ်းရေးနှင့်တည် ငြိမ်ရေးအတွက် ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း တရုတ်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး  ၀မ်ယီသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကို  သြဂုတ် ၂၇ ရက်တွင် ဘေဂျင်း မြို့၌လက်ခံတွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်းပြောကြားကြောင်း တ ရုတ်သံရုံးက ယမန်နေ့၌ သတင်း ထုတ်ပြန်သည်။ လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့်  မြောက်ပိုင်းလ က်နက်ကိုင်သုံးဖွဲ့ တို့ အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားသဖြင့်  ကင်းလှည့်မှုများ ရှိခဲ့သည်။ သို့သော် တရုတ်နိုင်ငံခြား ရေးဝန်ကြီးနှင့် အတိုင်ပင်ခံရုံးဝန် ကြီးတို့တွေ့ဆုံရာတွင် တရုတ် သည် မြန်မာနိုင်ငံ၏ […]

ကန့်ကွက်ရန်ထသည့် ဒီချုပ်ဝါရင့်အမတ်ကို နာယက ခွင့်မပြုခဲ့ ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေကြောင့် လက်ရှိအ စိုးရ၊ လွှတ်တော်နှင့် လွှတ်တော်  ဥက္ကဋ္ဌများ လစာကျပ် ၁၀ သိန်း လစဉ်ရနေသည့် လွှတ်တော်အ မတ်များ တည်ရှိနေခြင်းဖြစ်သည် ကိုမမေ့ရန်လိုကြောင်း တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးဒေါ်သူဇာရွှေက လွှတ်တော်တွင်ပြောကြားသည်။ ‘‘ဒါကြောင့်လည်း ဖွဲ့စည်းပုံ  အခြေခံဥပဒေအပါအ၀င် လက် ရှိတည်ဆဲဥပဒေများကို တိကျစွာ  လိုက်နာပြီး ထမ်းဆောင်ရမည့်  တာဝန်ဝတ္တရားများကိုလည်း ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက် သွားရမှာဖြစ်ပါတယ်’’ ဟု ယမန် နေ့ ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆွေး နွေးစဉ် ၎င်းက ပြောကြားသည်။ ပြည်ခိုင်ဖြိုးပါတီဝင်အမတ် များနှင့် တပ်မတော်သားကိုယ်စား လှယ်များ […]

သမ္မတမွန်ဂျေအင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် တောင် ကိုရီးယား၏အဓိကဘဏ်အကြီး အကဲများ လိုက်ပါလာမည်ဟု  ဆိုးလ်အခြေစိုက်သတင်းဌာန The Korea Herald က ယမန်နေ့      ၌ ဖော်ပြသည်။ Shin Hanဘဏ်အကြီးအကဲ Jin Ok-dong, KB Kookmin ဘဏ်အကြီးအကဲ Hur Yin နှင့်  ကိုရီးယားစက်မှုဆိုင်ရာဘဏ် ဥက္ကဋ္ဌ Kim Do-jin တို့သည်စက် တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ သုံးရက်ကြာလာ ရောက်မည့် သမ္မတမွန်ဂျေအင်၏ ခရီးစဉ်အတွင်း လိုက်ပါလာမည် ဟု ယင်းကုမ္ပဏီများ၏ ပြောခွင့်ရ  ပုဂ္ဂိုလ်များကို  ကိုးကား၍အထက် ပါသတင်းဌာနက ဖော်ပြသည်။၎င်းတို့သည် သမ္မတမွန်ဂျေအင်၏ ထိုင်းနှင့် လာအိုခရီးစဉ်များတွင်လည်း […]

ရခိုင်ဒေသ၌ ဖြစ်ပွားနေ သည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခ များ လျှော့ချရပ်တန့်နိုင်ရေး ဦး တည်ဆွေးနွေးရန် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကို ရခိုင်အမျိုးသားပါတီ(ANP) တာဝန်ရှိသူနှင့် လွှတ်တော်ကိုယ် စားလှယ်များက တောင်းဆို သည်။ AA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရ  ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံ မြို့၌ တွေ့ဆုံဆွေးနွေးရန်သဘော တူညီခြင်းနှင့်ပတ်သက်ပြီး အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ‘‘အခုဆိုရင် အန်တီတို့ ရခိုင် ဘက်မှာ တိုက်ပွဲတွေ တော်တော် ဖြစ်တဲ့အတွက် အဓိက မြေစာပင် ဖြစ်တဲ့ ပြည်သူတွေပဲ ဒုက္ခဖြစ်နေ […]

ငြိမ်းချမ်းရေးဆွေးနွေး မှုများဆောင်ရွက်နေစဉ် တိုက်ပွဲ များဖြစ်ပွားပြီး လူထု ထိခိုက်နစ် နာမှု ပိုမိုကြုံတွေ့နေရ၍ ဆွေး နွေးပွဲများအပေါ် သံသယရှိနေ ကြောင်းနှင့် ဆွေးနွေးပွဲများသည် စစ်မှန်မှုမရှိဘဲ လုပ်ပွဲဟု ပြည်သူ လူထုက ယူဆလာနေကြောင်း ရှမ်းနှင့် တအာင်းပါတီတို့မှတာဝန် ရှိသူများက ပြောသည်။ တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက် ပွဲများကြောင့် ပြည်သူလူထုများ  ယခုထက် ပိုမိုနစ်နာမှုမဖြစ်လာ စေရေး ငဲ့ညှာပေးရန်နှင့် စစ်မှန် သည့် အပစ်အခတ်ရပ်စဲရေးဖြစ် ပေါ်လာရေး ဆောင်ရွက်ပေးရန် တအာင်း(ပလောင်) အမျိုးသား ပါတီဗဟိုကော်မတီဝင်တာလှဖေ ကမေတ္တာရပ်ခံတောင်းဆိုသည်။ စစ်ရေးပဋိပက္ခကြောင့်ပြည် သူများ သေဆုံးဒဏ်ရာရရှိခြင်း အပါအ၀င် ထိခိုက်နစ်နာမှု မကြာခဏဖြစ်ပေါ်နေကြောင်း၊ ထိပ်ပိုင်းကငြိမ်းချမ်းရေး ဆွေးနွေး နေစဉ် […]

ကချင်စစ်ပွဲ (၈) နှစ် ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုအ ဖြစ်မြစ်ကြီးနားမြို့ပေါ်တွင် ပြ ဇာတ်တင်ဆက်ခြင်းနှင့်ပတ်သက် ၍ တရားစွဲခံရသည့် ဦးဆောင်သူ လူငယ်နှစ်ဦးကို မြို့နယ်တရားရုံး ကထောင်ဒဏ် ၁၅ ရက်စီချမှတ် ခဲ့သည်။ တပ်မတော်နှင့် ကချင်လက်  နက်ကိုင်အဖွဲ့ (KIA) တစ်ကျော့ ပြန်စစ်ပွဲဖြစ်ပွားမှု (၈) နှစ်ပြည့် သည့် ဇွန်လ ၉ ရက်တွင်  စစ် ရှောင်များကိုယ်တိုင်ပါဝင်သည့် ပြဇာတ်တင်ဆက်ပြသခြင်းနှင့် ပတ်သက်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဆိုကာ ကချင် လူငယ်တာဝန်ခံနှစ်ဦးဖြစ်သည့် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ကို မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရာစက်တင် ဘာ ၂ ရက်တွင် အမိန့်ချမှတ်ခဲ့ သည်။  တရားရုံးက […]

ထိုင်း-မြန်မာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် နှစ်နိုင်ငံနယ်စပ်ဒေသတည် ငြိမ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဘန်ကောက်မြို့ ၌ ကျင်းပသည့် (၇)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့ တက် ရောက်ပြီး ယင်းအစည်းအဝေးမှ တစ်ဆင့် တပ်မတော်နှစ်ရပ်အ ကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ အထက်ပါအစည်းအဝေး တွင် သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းများ တရားမ၀င် […]

ဟိန္ဒူဘာသာဝင်နေရပ် စွန့်ခွာသူ လေးရာကျော်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်း ပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင်က ကုလသမဂ္ဂအ ထူးကိုယ်စားလှယ်ထံ မေတ္တာရပ် ခံခဲ့သည်။ နေပြည်တော်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ် စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို စက်တင်ဘာ ၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံစဉ် ၀န်ကြီးဦးကျော်တင်က ယင်းသို့မေတ္တာ ရပ်ခံခြင်းဖြစ်သည်။ ‘‘ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန် ချက်ထုတ်ထားတာရှိတယ်လေ။ ပြန်ချင်တဲ့ သူတွေကို ဘယ်သူ့ကိုမှ မတားဆီးပါဘူးဆိုပြီးလေ။ ဒါပေမဲ့ အဲဒီဟိန္ဒူတွေ ပြန်ဖို့ သူတို့တက်တက်ကြွကြွလုပ်မပေးဘူး။ အဲဒါလုပ်ပေးဖို့ပေါ့’’ ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် […]

 ကေပေါ့ပ်အမျိုးသမီးအ ဆိုတော် ဆန်းမီ နှင့် Red Velvet အဖွဲ့ဝင်ဆယ်လ်ဂီသည် Music Bank ဖျော်ဖြေပွဲ၌ ဇာတ်ခုံနောက် တွင် ဆုံစည်းခဲ့သည်။ ယင်းကြယ်ပွင့်နှစ်ဦးသည်  JTBC မှ ထုတ်လွှင့်သော Secret   Sister အစီအစဉ်တွင် သရုပ် ဆောင်ဖက်ဖြစ်ပြီး လတ်တလော ဆန်းမီက Lalalay သီချင်းထွက်ရှိ ထားသည်။ ‘‘ကျွန်မရဲ့ ဆယ်လ်ဂီနဲ့အ တူ’’ ဟု ရေးသားထားသော ဓာတ်ပုံတစ်ပုံကို သြဂုတ် ၃၀ ရက်တွင် ဆန်းမီကအင်စတာ ဂရမ်မှတစ်ဆင့် မျှဝေခဲ့သည်။ Red Velvet အဖွဲ့၏အယ်လ်  ဘမ်သစ် The ReVe Festival: Day 2 ကို ဆန်းမီကလက်ထဲကိုင် […]

 ပြေတီဦးဖောင်ဒေးရှင်း က ဆေးကျောင်းသား၊ နည်းပညာတက္ကသိုလ်ကျောင်းသားနှင့် ဥပဒေကျောင်းသားများအပြင် ပညာ ရေးတက္ကသိုလ်ကျောင်းသားများ ကိုပါ တိုးချဲ့ ထောက်ပံ့ရန် စဉ်းစားထားကြောင်း  သရုပ်ဆောင် ပြေတီဦးက ပြောသည်။  ‘‘ကျွန်တော်ရန်ပုံငွေ ထပ်ရှာဖို့ အစီအစဉ်ရှိပါတယ်။ ရန်ပုံ ငွေတွေများ ထပ်ပြီး ရှာဖွေလို့ ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်ပညာရေး တက္ကသိုလ်ကျောင်းသားကို ဆက်ပြီးနိုင်သလောက်လေး တာဝန်ယူ ချင်ပါတယ်။ အခုကတော့ ဆရာဝန်ရှိတယ်၊ အင်ဂျင်နီယာရှိတယ်၊ ဥပဒေ   ကျောင်းသားရှိတယ်၊ နောက်ပြီးတော့ စီးပွားရေးတက္က သိုလ်ရှိတယ်။ စီးပွားရေးတက္က သိုလ်ကတော့ နှစ်စဉ်နှစ်တိုင်း ခေါ်တာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ပါဆင်နယ်အရ ကျွန်တော်ကိုယ် တိုင်တာဝန်ယူပြီး ကျောင်းထား ပေးတဲ့ ကျောင်းသားနှစ်ယောက်၊ သုံးယောက်ရှိတယ်။ ပင်တိုင်က ပညာရေးဖောင်ဒေးရှင်းက ခေါ်တာက […]

Myanmar News

MMnews

All the latest news about Myanmar

Quick Links